Chapter 90: She was Tricked

8.3K 1.3K 59
                                    

UNICODE

ချူယန်က ယဲ့ချင်းရန်ကို ပြန်မဖြေပေ။ သို့သော်လည်း လမ်းဆုံရောက်သောအခါ မကွေ့ဘဲ တည့်တည့်သာ ဆက်မောင်းသွားသည်။ ပြီးမှ ဖြည်းညင်းစွာ ပြောလာသည်။

"ဘယ်ဘက်ကို ကွေ့ဖို့မေ့သွားတယ်"

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "ရပါတယ် အရှေ့ကျရင် နောက်လမ်းဆုံရှိသေးတယ် အဲ့ဒီအခါကျ ဘယ်ဘက်ချိုးလိုက်ရင် ပိုပြီးတော့တောင် နီးသွားသေးတယ်"

ချူယန်က တဖန် တိတ်ဆိတ်သွားသည်။ ယဲ့ချင်းရန်က ဖုန်းကို ထုတ်ပြီး ချူရုန်ရုန်ကို စာပို့နေရင်းမှ လမ်းကိုလည်း ကြည့်နေသည်။ နောက်ထပ်လမ်းဆုံရောက်ခါနီးတွင် ချူယန်ကို ကွေ့ရန်အတွက် လမ်းကြောင်းယူရန် သတိပေးလိုက်သည်။

ချူရုန်ရုန်နှင့် ချိန်းဆိုပြီးနောက်တွင် ယဲ့ချင်းရန်က Online ဝင်ပြီး သတင်းဖတ်တော့သည်။ အဲဒီအခါကျမှသာ သူမက ရေပန်းအစားဆုံးရှာဖွေမှုတွင် ပါဝင်နေမှန်းသိတော့သည်။

ပြီးနောက် WeChat ဖွင့်လိုက်တော့ သူမသူငယ်ချင်းတွေ သူမကို စာပို့ထားတာတွေ့လိုက်ရသည်။ တစ်ချို့တွေက သူမကို စနောက်နေချိန်မှာ တစ်ချို့တွေကတော့ အမှန်လားဆိုပြီး မေးမြန်းထားကြသည်။

Group Chat တွေလည်း ထို Video ကြောင့် အုတ်အော်သောင်းနင်းဖြစ်နေကြသည်။

ချူယန်က Video မှအသံကို ကြားတော့ သူမကို လှည့်ကြည့်လာသည်။ သူလည်း Video ကို ကြည့်ပြီးပြီဖြစ်သည်။

"မနေ့ညက မင်းပြောတော့ ဆေးဆိုင်သွားရင်း ပြန်ပေးဆွဲတာတွေ့လို့ ရဲခေါ်ခဲ့တယ်ဆို... အခုတော့ ရဲခေါ်တာထက် ပိုပြီး လုပ်ခဲ့တာပဲ"

"အဲ့အချိန်တုန်းက အခြေအနေက နည်းနည်းအရေးကြီးနေတယ်...ယောကျာ်းနှစ်ယောက်က ကောင်မလေးကို Van ထဲဆွဲသွင်းနေတာ... အဲဒါကြောင့် ကျွန်တော် တိုက်ခိုက်ခဲ့တာ... အဲ့အချိန်မှာပဲ လမ်းတစ်ဖက်မှာလည်း ကားတစ်စီးရပ်ထားတာ...အဲ့ကားထဲထိုင်နေတဲ့ ကောင်မလေးကလည်း ကြောက်နေတာ... သူမကို ကျွန်တော်က ရဲခေါ်ခိုင်းလိုက်တာ... ရဲလာတော့မှ ကျွန်တော် ဆေးဆိုင်သွားတာ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now