Chapter 174: Seen By Third Brother

6.6K 1K 38
                                    

UNICODE

ချူယန်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။ သူက စတီယာရင်ကို ဘယ်ဘက်သို့ ချိုးကာ မေးလိုက်သည်။ "ညလယ်စာ စားဖို့ ခေါ်သွားပေးရမလား?"

ယဲ့ချင်းရန်က ခေါင်းခါပြလိုက်သည်။ "မစားတော့ဘူး မနက်ဖြန်လေယာဉ်အတွက် ကျွန်တော်စောစောအိပ်ဖို့ ပြင်ထားတာ။ မြတ်စွဖျား အခုလေ ကျွန်တော် ချွေးအေးတွေပါ ထွက်တယ်။ အစ်ကိုသာ နောက်ကျပြီးမှ လာရင် ကျွန်တော်တော့ လုပ်ရ..."

သူမစကားတောင် မဆုံးလိုက်ပေ။ ရုတ်တရက် သူမရဲ့ Playboy ပုံစံမျိုး မဖြစ်တာကို သတိထားမိသွားသည်။

ချူယန်က မေးလိုက်သည်။ "ဘာကို လုပ်ရမှာလဲ"

ယဲ့ချင်းရန်က တခစ်ခစ်နှင့်ရယ်လိုက်ပြီး လက်ခါပြလိုက်သည်။ "ဘာမှ မဟုတ်ဘူး ဘာမှမဟုတ်ဘူး အစ်ကို ကျွန်တော့်ကို ဘိုင်မိသားစုအိမ်ကိုပဲ ပြန်ပို့ပေးပါ"

ချူယန်က ဘာတစ်ခွန်းမှ မဆိုဘဲ ဘိုင်မိသားစုအိမ်သို့ ယဲ့ချင်းရန်ကို ပြန်ပို့ရန်အတွက် ဦးတည်မောင်းလိုက်သည်။

ယဲ့ချင်းရန်က ကားပေါ်ကနေဆင်းဖို့ အလျင်မလိုပေ။ သူမက ချူယန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ "အစ်ကို ဒီနေ့အတွက် ကျေးဇူးပဲ။ မြန်မြန်ပြန်ပြီး စောစာနားတော့"

ချူယန်က အင်း ဆိုပြီး ခပ်ဖျော့ဖျော့လေးပြောလိုက်သည်။ "ကျင်းမြို့ရောက်မှ ပြန်တွေ့ကြတာပေါ့"

"Okay."

ယဲ့ချင်းရန်က ပြောရင်း သူမ လက်မောင်းကို ဆန့်ကာ ချူယန်ကို ဖက်ဖို့ အရှေ့ကို မှီချလိုက်သည်။ "နှုတ်ဆက်တဲ့အနေနဲ့ ဖက်ရအောင်"

သူမနှလုံးသား ခုန်နှုန်းက အရမ်းကို မြန်နေသည်။ သူမ သူ့ကို ဖက်ပြီးပြီးချင်းပဲ ချက်ချင်းပြန်လွှတ်ဖို့ လုပ်လိုက်သည်။

သို့ပေမယ့် ချူယန်က သူမကို ပြန်ဖက်လာသည်။ သူ့လက်တစ်ဖက်က သူမခါးလေးကို ပွေ့ပိုက်ထားကာ စက္ကန့်အနည်းငယ်ကြာပြီးတာတောင် ပြန်မလွှတ်ပေးသေးပေ။ သူက သူမနားကို တိုးတိုးလေးကပ်ပြောလာသည်။ "ကိုယ်ပြန်လာမှာကို စောင့်နေနော်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now