Chapter 150: She Felt She Could Share It With Him

7.3K 1.1K 39
                                    

UNICODE

"အဲ့မိန်းမကို ငါသဘောကျတယ်လို့ ဘယ်လိုတောင် ပြောနိုင်ရတာလဲ? အဲ့မိန်းမကို မြင်တိုင်း ငါစိတ်ရှုပ်လို့။ နည်းနည်းလေးဖြစ်တာနဲ့ ငို။ ငါအမုန်းဆုံးက မိန်းမတွေ ငိုတာပဲ။ ငါ ဘာမှတောင် မလုပ်ရသေးဘူး။ ငါကပဲ အနိုင်ကျင့်သလိုနဲ့ မျက်ရည်တွေဝဲတဲ့ မျက်လုံးနဲ့ ကြည့်ရော။ သူမကိုမြင်တာနဲ့ အရမ်းစိတ်ရှုပ်တဲ့ငါက ဘယ်လိုလုပ်ပြီး သဘောကျတယ်ဖြစ်ရမှာလဲ?"

ယဲ့ချင်းရန် ပြောလိုက်တာနှင့် ပတ်သက်ပြီး သူအရမ်းကို အလေးပေးလွန်းတယ်လို့ လျန်ရှောင်း သတိထားမိသွားသည်။ ဒါက သူ့ကို အရမ်း အံ့အားသင့်သွားစေသည်။

ဟက်၊ ဘယ်လိုလုပ်ပြီး ယဲ့ချင်းရန်ကို အရမ်း ဂရုစိုက်မိနေတာပါလိမ့်?

"သဘောမကျဘူးဆိုလည်း မကျဘူးပေါ့။ ဘာလို့ အဲ့လောက် တုန်လှုပ်နေရတာလဲ?"

ယဲ့ချင်းရန်က ပြုံးလိုက်ပေမယ့် နက်ရှိုင်းသည့် အဓိပ္ပါယ်တော့ ပါပုံပင်။

လျန်ရှောင်းမှာ ချက်ချင်းဆိုသလို ခွန်အားမရှိတော့သလို ခံစားလိုက်ရသည်။ ယဲ့ချင်းရန် ဆိုလိုရင်း သူ နားမလည်ဘဲ ဘယ်နေပါ့မလဲ။ အရှက်ရမှုကနေ ဒေါသထွက်လာသည်။

ဒါက ရိုးရှင်းတဲ့ကိစ္စပဲလေ ဘာလို့ သူထပ်ပြီး မရှင်းပြနိုင်ရတာလဲ ထပ်ရှင်းပြလေ ပိုဆိုးလေဖြစ်တော့မည်။ ယဲ့ချင်းရန်က သူ မုချင်းရွဲကို သဘောကျနေတယ်လို့ ဘာလို့ထင်နေရလဲဆိုတာ သူ နားမလည်တော့ပေ။

အရမ်းမတွေးတော့ဖို့ လျန်ရှောင်းဆုံးဖြတ်လာကာ သူ့ရဲ့ရည်ရွယ်ချက်ကို ပြောပြလိုက်တော့သည်။ "ဒီနေ့ ငါလာရှာတာက မင်း အမှန်ပြောဖို့။ မင်းပြောသမျှက အမှန်ဆိုရင် ငါ့သူငယ်ချင်းနှစ်ယောက် သူမအရူးလုပ်တာမခံရတော့ဖို့ နည်းလမ်းကို ငါသေချာပေါက်စဉ်းစားမှာ။ မိန်းမတစ်ယောက်ကြောင့်နဲ့ ငါ့ညီအစ်ကိုတွေ သွေးကွဲတာ မလိုချင်ဘူး"

ဘာမှ ဖုံးကွယ်စရာမရှိပေ။ သူတို့ ဒီလောက်သိနေပြီဆိုမှတော့ ယဲ့ချင်းရန်လည်း လိုရင်းကို ပြောပြလိုက်တော့သည်။

"ပထမနေ့မှာ တင်တဲ့ ပုံတွေက သူမကို သဘောကျနေတဲ့ အတန်းဖော်အချို့တွေ။ သူတို့ကြားထဲ တစ်ခုခုဖြစ်ခဲ့လားဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ပုံတွေအများကြီး တင်လိုက်ရတဲ့ အကြောင်းက သူမကို ရှုပ်ထွေးသွားစေဖို့ပဲ။ ကျွန်တော့်မှာ သတင်းအမှန်ရှိဘဲ သူမကို အကွက်ဆင်တယ်လို့ သူမ တွေးလိုက်တာကို လိုချင်လို့။ အဲ့လိုနည်းနဲ့ သူမ ဖြေရှင်းချက်ထုတ်ပြီး ပြန်တိုက်လိမ့်မယ်။ အဲ့လိုနည်းကနေ ကျွန်တော်က Video တွေကို သက်သေအနေနဲ့ တစ်ခုပြီး တစ်ခုတင်နိုင်မှာ။ သူမက ဖောက်ပြန်ရုံတင်မကဘူး လူလိမ်ဖြစ်ပြီးတော့ ဂုဏ်သိက္ခာဆိုတာလည်း မရှိဘူး။ သူမကိုယ်သူမ ပြည့်စုံတဲ့ ဖန်တီးမှုအဖြစ် ပို့စ်ပေးရတာ ကြိုက်တယ်မဟုတ်ဘူး။ အဲ့လိုနဲ့မှ ကျွန်တော်က သူမမျက်နှာအစစ်အမှန်ကို ခွာချပစ်မှာ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now