Chapter 36: She Wanted To Bring Disaster To Him Even More

9.9K 1.3K 43
                                    

"ယဲ့ချင်းရန် မင်းအရမ်း အံ့ဩဖို့ ကောင်းတာပဲ"

"ယဲ့ချင်းရန် ဆရာပြောတဲ့ မေးခွန်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါတွေ့လိုက်တယ် ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ငါဖြေရှင်းလို့မရနေဘူး"

"ယဲ့ချင်းရန် စာမေးပွဲအတွက် Review ဘယ်လို လုပ်လဲဟင် ငါတို့ကို သင်ပေးပါလား"
..

ပထမရှိခဲ့တဲ့ သံသယတွေက အခုချိန်မှာတော့ လေထဲမှာ ပျောက်ကွယ်သွားသလိုပင်...
လူတိုင်းက အကြံဉာဏ်လိုချင်တာ သေမတတ်ပင် ဖြစ်နေကြသည်။
သူတို့ရဲ့အဆင့်တွေ မြန်မြန်တိုးတက်လာမယ့် နည်းလမ်းကို ယဲ့ချင်းရန် သင်ပေးတာကို လိုချင်နေကြသည်။

ယဲ့ချင်းရန်က မတ်တပ်ရပ်လိုက်ပြီး ဟွာချီဆီ လျှောက်သွားလိုက်သည်။

"ငါတို့ရဲ့ လောင်းကြေးကို မင်းမမေ့ဘူးလို့ ငါထင်တယ်"

စာသင်ခန်းထဲတွင် တိတ်ဆိတ်ခြင်းက တဖန် ကြီးစိုးသွားပြန်သည်။
အကုန်လုံး ကိုယ့်ထိုင်ခုံမှာ ကိုယ်ပြန်ထိုင်လိုက်ပေမယ့် သူတို့ရဲ့ အကြည့်တွေက ယဲ့ချင်းရန်နဲ့ဟွာချီဆီ ကျရောက်နေသည်။

ဟွာချီရဲ့ အမူအရာက အရမ်းကို ရုပ်ဆိုးနေသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး သူ့ရဲ့အမူအရာက 'ငါက ကြံ့ခိုင်တယ် အဲဒါကြောင့် ငါ့အရှေ့မှာ ကြွားလုံးထုတ်တာ ရပ်တော့' ဆိုပြီး ပြောနေသယောင်....

"အခု ငါဒီလောင်းကြေးမှာ ရှုံးသွားတယ်... မင်းက ထိပ်ဆုံး၁၀၀ထဲ ဝင်ခဲ့တယ် ဒါပေမယ့် ထိပ်ဆုံး၁၀၀ထဲ မင်းရောက်ခဲ့ပေမယ့် ငါ့ကို သိမ်ငယ်စေဖို့ လိုသေးတယ်"

လောင်းကြေးမှာ ရှုံးတယ်ဆိုပေမယ့် ယဲ့ချင်းရန်က သူ့ကို နိမ့်ကျသွားအောင် လုပ်နိုင်တယ်လို့ မဆိုလိုပေ...
ယဲ့ချင်းရန်က သူမနှုတ်ခမ်းကို ကွေးလိုက်ပြီး အထင်သေးတဲ့ပုံစံနဲ့ သူ့ကို ကြည့်လိုက်သည်။

"ဘာလဲ... လောင်းကြေးပေါ်မှာ မင်းက ကတိဖျက်ဖို့ လုပ်ချင်နေတာလား"

"ငါကတိဖျက်တယ်လို့ ဘယ်တုန်းက ငါပြောလို့လဲ" ဟွာချီက သွားတွေကြိတ်လိုက်ပြီး မသဲကွဲတဲ့ အသံဖြင့် ပြောလိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now