Chapter 15: She Seemed To Be Acting As A Matchmaker

10.7K 1.4K 40
                                    

ယဲ့ချင်းရန် ပြောလိုက်သည်။ "ကျွန်တော်မပြေးနိုင်ဘူး"
ဆယ်ယောက်ထက်ကျော်မယ့် အရပ်မြင့်မြင့်နဲ့ ယောကျာ်းတွေက သူတို့ကို ဝိုင်းလိုက်သည်။
ကတုံးနဲ့ ယောကျာ်းက ခပ်ပြတ်ပြတ်အသံဖြင့် မေးလာသည်။ "ဘယ်သူက ယဲ့ချန်းဖုန်လဲ"
(T/N: iTranslate မှာ နာမည်အသံထွက်အမှန်တွေကို ရှာကြည့်ချိန်မှာ တတိယအစ်ကိုရဲ့ နာမည်က ချန်းဖုန်လို့အသံထွက်လို့ ပြန်ပြင်လိုက်ပါတယ်)

ယဲ့ချန်းဖုန်ရော ယဲ့ချင်းရန်ရော ကြောင်အသွားကြသည်။
ဘာလဲ? ဒီလူတွေက ယဲ့ချင်းရန်ကိုရှာတာမဟုတ်ဘဲ ယဲ့ချန်းဖုန်ကို လာရှာတာလား?

ယဲ့ချန်းဖုန်ရှက်သွားသလို အံ့ဩသွားသည်။
"ခင်ဗျားတို့က ကျွန်တော့်ကိုရှာတာလား"
ယဲ့ချင်းရန်တောင် ကြက်သေသေသွားသည်။ မူလကိုယ်ပိုင်ရှင်လိုမဟုတ်ဘဲ ယဲ့ချန်းဖုန်သည် လိမ္မာနာခံပြီး စာတစ်ခုသာသိသည့် ကျောင်းသားကောင်းတစ်ယောက်ဖြစ်သည်။ ဒီဂိုဏ်းစတားတွေက ဘာအတွက်ကြောင့် ယဲ့ချင်းဖုန်ကို လာရှာကြတာလဲ?

ကတုံးနဲ့လူကပြောလာသည်။ "မင်းက ယဲ့ချန်းဖုန်ပေါ့ ငါတို့သူဌေးက မင်းကို ပြောစရာရှိလို့"
ယဲ့ချန်းဖုန်က မေးလိုက်သည်။ "ခင်ဗျားတို့ သူဌေးက ဘယ်သူလဲ"

ကတုံးနဲ့လူက ပြန်မဖြေဘဲ ဘေးကပ်ရပ်လိုက်သည်။ တခြားသူတွေလည်း ဘေးကပ်ရပ်လိုက်ပြီး ထိုသူဌေးဆိုသောသူအတွက် ဘေးကပ်ရပ်ပေးလိုက်သည်။ ပြီးနောက် လက်တွင် ဆေးပြင်းလိပ်ကိုင်ထားပြီး ကုတ်အင်္ကျီအရှည်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် သူတို့ဆီလျှောက်လာသည်။ ထိုသူက ယဲ့ချန်းဖုန်အရှေ့တွင်ရပ်လိုက်သည်။ ယဲ့ချန်းဖုန်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး စိတ်ကျေနပ်သွားသည့် အမူအရာဖြင့် ပြောလာသည်။ "မဆိုးဘူး ပေ့ပေ့အကြိုက်က မဆိုးဘူး"

ယဲ့ချန်းဖုန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်သူလဲဆိုတာ သိလို့ရမလားခင်ဗျ"

ထိုသက်လတ်ပိုင်းလူက ဆေးပြင်းလိပ်ကို တစ်ဖွာ ဖွာပြီးနောက် ပြောလာသည်။ "ငါက ပိုင်ပေ့ပေ့ရဲ့အစ်ကို ပိုင်ရှုပဲ"

ပိုင်ပေ့ပေ့က ဘယ်သူလဲ? ယဲ့ချန်းဖုန်က ပိုင်ပေ့ပေ့ဆိုသည့် မိန်းကလေးကို မသိပေ... ထို့ကြောင့် ရှုပ်ထွေးမှုဖြစ်သွားသည်။ ယဲ့ချင်းရန်ကတော့ အံ့ဩသွားသည်။ သူမ ပိုင်ပေ့ပေ့ကို သိတာပေါ့... သူမက ဝတ္ထုရဲ့ နောက်အပိုင်းတွေမှာ ယဲ့ချန်းဖုန်ဘေးနားမှာ ပေါ်လာမည့် ဇာတ်ကောင်ဖြစ်သည်။ ယဲ့ချန်းဖုန်ရဲ့ ခြေထောက်တွေ ကျိုးသွားတော့ ထိုမိန်းကလေးသေးသေးလေးက သူ့ကို ပြုစုပေးခဲ့သည်။ ဒါပေမယ့် ပိုင်ပေ့ပေ့က သူနာပြုဖြစ်သည်။ အဲဒါအတွက်ကြောင့် ယဲ့ချန်းဖုန်ခြေထောက်တွေကျိုးသွားချိန်မှာ သူမက ယဲ့ချန်းဖုန်ရဲ့ သူနာပြုဖြစ်လာပြီး ယဲ့ချန်းဖုန်နဲ့ သိကျွမ်းခဲ့သည်။ သူမက အခုဘာလို့ပေါ်လာရတာလဲ? ပိုင်ရှုရဲ့ မျက်လုံးတွေမှာ မကြည်သာတဲ့ပုံစံပေါ်လာပြီး သူ့လေသံကလည်း နည်းနည်းချဉ်သွားသည့်ပုံဖြစ်သွားသည်။ "ကောင်လေး ငါ့ပေ့ပေ့ရဲ့ ရွေးချယ်ခံရတာ အရမ်းကံကောင်းတာနော်"
ယဲ့ချန်းဖုန် : "..."

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now