Chapter 73: Her Second Brother, The Villain

8.2K 1.2K 13
                                    

UNICODE

ယဲ့ချင်းရန်က သူမနောက်သို့လိုက်လာသည့် မော့နိုင်နိုင်ကိုကြည့်လိုက်သည်။

"ငါအဆင်ပြေတယ် ငါ့နောက်က မလိုက်လာနဲ့"

သူမဖုန်းကို ဖွင့်လိုက်ပြီး ကားငှါးဝန်ဆောင်မှု App ကို ဖွင့်လိုက်သည်။
မော့နိုင်က ဒါကိုမြင်တော့ သူမလက်ထဲက ကားသော့ကို ဝှေ့ယမ်းပြလိုက်သည်။

"ငါ့မှာ ကားပါတယ် နင်ဘယ်သွားချင်လဲ? ငါပို့ပေးမယ်"

ယဲ့ချင်းရန်က ငြင်းလိုက်သည်။ "ထားလိုက်... မင်းအဖေက သူ့သမီးကို ငါခိုးပြေးသွားတယ်လို့ အထင်မခံနိုင်ဘူး"

မော့နိုင်က ပြုံးကာ "စိတ်မပူပါနဲ့ ငါက နင့်ကို လိုက်ပို့ပေးရုံပဲ နင့်ကိုယ်ကို ငါ့ဆီပေးဖို့ မပြောပါဘူးနော်"

သူမက ယဲ့ချင်းရန်ကို ကားထဲသို့ အတင်းတွန်းပို့လိုက်သည်။

"မြန်မြန်လုပ် ကားထဲဝင် အချိန်မဆွဲနေနဲ့"

ယဲ့ချင်းရန်က မေးလိုက်သည်။ "ပွဲက တရားဝင်မစသေးဘူးနော်.... မင်းလိုက်ချင်တာ သေချာရဲ့လား"

မော့နိုင်က "ဒီနေ့ငါလာတဲ့အဓိကအကြောင်းရင်းက နင့်ကြောင့်ပဲ...နင်ထွက်သွားတော့မယ်ဆိုတော့ ငါလည်းဆက်နေစရာအကြောင်းမရှိဘူးလေ... ဘယ်နေရာသွားဖို့လဲ ငါ့ကိုပြော"

ယဲ့ချင်းရန် : "ရုပ်ရှင်စတူဒီယို"

မော့နိုင် : "ပြဿနာမရှိဘူး"

နှစ်ယောက်လုံး ကားထဲဝင်ပြီး ထွက်တော့မလို့လုပ်ချိန်မှာ အနောက်ခန်းတံခါးကို ဆွဲဖွင့်တာ ခံလိုက်ရသည်။

ယဲ့ချင်းရန် လှည့်ကြည့်တော့ ယဲ့ချန်းဖုန်းကို တွေ့လိုက်၏။
သူမရဲ့နှုတ်ခမ်းတွေက ကွေးတက်သွားပြီး စလိုက်သည်။

"ဒုတိယအစ်ကိုနဲ့ ဆက်ဆံရေးကောင်းမရှိဘူးလို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား... သူ့မှာ တစ်ခုခုဖြစ်ရင်တောင် ထားလိုက်ဆို.... မင်းပါ လိုက်ပြီး ကယ်မယ်လို့ မထင်ထားဘူး"

ယဲ့ချန်းဖုန်းက အထက်စီးဆန်ဆန်ပြန်ဖြေလာသည်။ "ဒါပေါ့ သူ့မှာ တစ်ခုခုဖြစ်တာ ငါ့အမှားလည်း မဟုတ်ဘူးလေ... ဒါပေမယ့် သူ့မှာ တစ်ခုခုဖြစ်ရင် ယဲ့မိသားစုလည်း မျက်နှာပျက်ရမယ် အဲဒါကြောင့် ငါပါလာတာ...ပြီးတော့ ငါက ဒီတိုင်းပဲ လိုက်ကြည့်မှာ..မင်းတို့နှစ်ယောက်လုံး ယဲ့မိသားစုမျက်နှာပျက်အောင် လုပ်တာ ငါမလိုချင်ဘူး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now