Chapter 1: She Was A Vicious Female Supporting Character

48.6K 1.9K 77
                                    

Unicode

Ye Qingran တစ်ယောက် မရင်းနှီးတဲ့မှတ်ဉာဏ်တွေနဲ့ ဆေးရုံမှာ သတိရလာသည်။ အနည်းငယ်မူးဝေပြီးနောက်မှာ နာကျင်မှုတွေနဲ့ သက်တောင့်သက်သာ မဖြစ်မှုကို ခံစားလိုက်ရတယ်။ နှစ်ရက်လောက် လှဲလျောင်းပြီးနောက်မှာ စိတ်ရောခေါင်းရော ကြည်လင်လာတာကို ခံစားလိုက်ရပြီး သူမရဲ့ အခြေအနေကို နားလည်လိုက်သည်။

သူမ, Ye Qingran ဟာ Ye မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ
အသက် ၂၂ နှစ်မှာ မိသားစုရဲ့ စီးပွားရေးကို လွှဲပြောင်းယူခဲ့ပြီး အသက် ၂၅ နှစ်မှာ အာဏာအပြည့်နဲ့သူဖြစ်လာတယ်။ တစ်နှစ်အတွင်းမှာ ကုမ္ပဏီ ၁၀ခုကို အောင်မြင်စွာစုစည်းနိုင်ခဲ့သူ ဖြစ်တယ်။

ဂုဏ်ပြုပွဲပြီးတဲ့နောက်မှာ သူမကိုယ်သူမ အားလပ်ရက်ပေးတော့မယ်လို့ ပြင်ဆင်ထားခဲ့တာ

ဒါပေမယ့် သူမ နိုးလာတော့ သူမနဲ့ နာမည်တူတဲ့ အမျိုးသမီး ဇာတ်ရန်လေးအဖြစ် စာအုပ်ထဲရောက်နေသည်။

သူမက ယောကျာ်းလေးအဖြစ် ဟန်ဆောင်ထားပြီး မယဉ်ကျေးတဲ့ တုံးအပြီး ရက်စက်တဲ့ ဗီလိန်ဖြစ်နေသည်။

စာအုပ်ထဲကအကြောင်းအရာတွေကို Ye Qingran တစ်ယောက်ဆက်ပြီး စဉ်းစားဖို့ ကြံရွယ်နေချိန်မှာပဲ ဆေးရုံအခန်းတံခါးက ပွင့်လာပြီး မျက်မှန်တပ်ဆင်ထားတဲ့ ယောကျာ်းတစ်ယောက် ဝင်လာသည်။

Ye Qingran ရဲ့ ဆေးရုံကိစ္စကို ဆောင်ရွက်ပေးနေတဲ့ သူဖြစ်ပြီး သူမ(YQR) အဖေဖြစ်တဲ့ Ye Jun ရဲ့ လက်ထောက်ပါပဲ

လက်ထောက် Lin က Ye Qingran ဆီ ဖုန်းပေးလိုက်ပြီး "လေးယောက်မြောက် သခင်လေး, ဥက္ကဌ Ye က ဖုန်းခေါ်လာပါတယ်" ဆိုပြီး ပြောလိုက်သည်။

Ye Qingran ဖုန်းယူလိုက်ပြီး နား နားတောင် မကပ်သေးခင်မှာပဲ Ye Jun ရဲ့ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရသည်။ "မင်းခွေးကောင် မင်းပဲ မင်း မိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်ရဲတယ်ပေါ့လေ ပြီးတော့ အရိုက်ပါခံလာရသေးတယ်။ အသုံးမကျလိုက်တဲ့ အကောင် အသုံးမကျလိုက်တဲ့ အကောင်"

Ye Qingran: "..."

ဒီခန္ဓာပိုင်ရှင်က မိန်းကလေးလေ ဘယ်လိုလုပ်ပြီး တခြားမိန်းကလေးကို မုဒိန်းကျင့်လို့ရမှာလဲ

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now