Chapter 189: When Did You Find Out

7.7K 1.1K 34
                                    

UNICODE

ယဲ့ချင်းရန်က ခေါင်းမာစွာ မေးလာသည်။ "တစ်ခုပဲရွေးရမယ်ဆိုရင်ရော"

ချူယန်က ပုံမှန်ပြန်ဖြေရမယ့်အတိုင်း မဖြေလာဘဲ အဲ့အစား "မင်းဖြစ်သရွေ့အဆင်ပြေတယ်"

ရုတ်တရက် သူမနှလုံးသား လေပေါ်ပျံနေသလို ယဲ့ချင်းရန် ခံစားလိုက်ရသည်။

ဤအဖြေက အရမ်းသဘောကျစရာပဲ

သို့ပေမယ့် သူမ စိတ်ဆိုးရမယ်မဟုတ်ဘူးလား? ဒီအဖြေက လှည့်စားတယ်လို့ ယူဆလို့ရတယ်လေ။ လှည့်စားခံရတဲ့သူက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နည်းနည်းလေးတော့ စိတ်ဆိုးသင့်တယ် မဟုတ်လား။

သူမက ထပ်မေးလာသည်။ "ဒါဆို ကျွန်တော်က ရုတ်တရက် မိန်းကလေးအဖြစ် ပြောင်းသွားရင် အစ်ကို စိတ်မဆိုးဘူးလား?"

ချူယန်က သူမပါးလေးကို ညှစ်လိုက်သည်။ "ကိုယ်က ဘာလို့ စိတ်ဆိုးရမှာလဲ? ကိုယ်က မင်းကို ဉာဏ်ကောင်းတယ်လို့ ထင်ထားတာ။ ဘာလို့ ဒီလို ရူးကြောင်ကြောင် မေးခွန်း မေးရတာလဲ?"

သူမက ဟာသလုပ်နေတယ်လို့ သူထင်ပြီးတော့ ဒီတိုင်း ဟန်ဆောင်ပြီး ပြောလိုက်တာလို့ ယဲ့ချင်းရန် ခံစားနေမိသည်။

အဲ့ဒါကြောင့် သူက တကယ်အဖြေကို ပြန်မဖြေတာပေ။

ယဲ့ချင်းရန်က ဝိုင်တစ်ငုံသောက်လိုက်ပြီး ရဲဆေးတင်လိုက်သည်။

သူမက ချူယန်ကို အလေးအနက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီတိုင်းကို လေးနက်စွာ ပြောလာသည်။ "အစ်ကို ကျွန်တော် ပြောစရာရှိတယ်။ အစ်ကိုကြားရင် ကျွန်တော်နောက်နေတာလို့ အစ်ကိုထင်လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်နောက်နေတာမဟုတ်ဘူး။ ကျွန်တော် တကယ်ပြောနေတာ။ ကျွန်တော်က ယောကျာ်းလေး မဟုတ်ဘူး။ မိန်းကလေး။ ကျွန်တော်က အစ်ကို့ကို ပြောစရာရှိတယ် အစ်ကို ပြန်လာတာကို စောင့်နေမယ်ဆိုပြီးတော့ ပြောခဲ့တယ် မလား။ တကယ်တော့ ဒါကို ပြောပြချင်တာ။ မတော်တဆတစ်ချို့ကြောင့် အစ်ကို ပြန်လာတဲ့အထိ မစောင့်နိုင်ဖြစ်သွားတယ်"

နူးညံ့စွာ ပြန်မဖြေလာခင် ချူယန်က ယဲ့ချင်းရန်ကို နှစ်စက္ကန့်လောက်စိုက်ကြည့်နေသည်။ "အိုး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now