Chapter 110: She Slapped the Female Protagonist in the Face again

8.1K 1.2K 70
                                    

UNICODE

ယဲ့ချင်းရန်က မုချင်းရွဲကို လုံးဝလျစ်လျူရှုထားပြီး တည်ငြိမ်စွာထိုင်နေသည်။

သူမစာမေးပွဲ၌ ကောင်းကောင်းလုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ သူမအမှတ်က ရှက်ဖို့ကောင်းသည်ဖြစ်စေ မကောင်းဖြစ်စေ မဆိုင်တဲ့လူတွေနှင့် ပြောစရာအကြောင်းကိုမရှိဘူးဖြစ်သည်။

စာမေးပွဲစောင့်သူက စင်ပေါ်တွင်ရပ်လိုက်ပြီး မေးခွန်းစာရွက်တွေဝေရင်း တစ်ချိန်တည်း ညွှန်ကြားချက်ပေးလိုက်၏။

စာမေးပွဲစပြီး ၄၅မိနစ်ကြာမှသာ စာမေးပွဲခန်းထဲကထွက်ခွင့်ရှိသည်။ စာမေးပွဲတွင် ခိုးချခွင့်မရှိပေ။ မိပါက အပြစ်အပေးခံရမည်ဖြစ်သည်။ စာမေးပွဲချိန်အတွင်း သန့်စင်ခန်းရော တခြားနေရာရော သွားခွင့်မရှိပေ။

ယဲ့ချင်းရန်က မေးခွန်းစာရွက်ရပြီးနောက် မေးခွန်းတွေကို ကြည့်လိုက်ကာ သူမနှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးဖြစ်ထွန်းလာသည်။ ဘာလို့လဲဆိုတော့ မေးခွန်းတွေက အရမ်းမခက်ခဲဘူးဖြစ်သည်။ သို့သော်လည်း တခြားကျောင်းသားတွေက မျက်မှောင်ကြုတ်သွားသည်။

အတန်းက တိတ်ဆိတ်သွားပြီး ဘောပင်ရေးခြစ်နေသည့်အသံသာ ကြားရသည်။ မေးခွန်းက အများကြီးမရှိပေ။ ဒီလိုပြိုင်ပွဲမျိုးက လှည့်ထားသည့် မေးခွန်းတွေကြီးပဲဖြစ်သည်။

သူတို့ရေးနိုင်ရင် မေးခွန်းကို မြန်မြန်ဖြေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယဲ့ချင်းရန်က ဖိအားမခံစားရဘူးဖြစ်သည်။ သူမက မေးခွန်းအားလုံးရဲ့ အဖြေတွေကို အမြန်ချရေးလိုက်သည်။

သူမဖြေပြီးသည်နှင့် ထပ်စစ်လိုက်သည်။ စောသေးသည့်အတွက် သူမ စာမေးပွဲခန်းထဲက ထွက်လို့မရသေးဘူးဖြစ်သည်။ ယဲ့ချင်းရန်က အနည်းငယ်ပျင်းနေသည်။ လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားပြီး နောက်လက်တစ်ဖက်က ဘောပင်ကို လှည့်ပြီးကစားနေသည်။

သူမဘေးရှိ မုချင်းရွဲက ယဲ့ချင်းရန်ကို တစ်ချက်ကြည့်ပြီး လှောင်လိုက်သည်။ ထင်ထားတဲ့အတိုင်းပဲ ဘယ်လိုဖြေရမှန်းမသိလို့ ဒီကိုလာ အရူးလာလုပ်နေတာပဲ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now