Chapter 133: Her Journey Begins

7.7K 1.1K 55
                                    

UNICODE

ယဲ့ချင်းရန်က သူမလက်ကို မြှောက်ပြီး အကြိမ်အနည်းငယ်ခန့် ပုတ်လိုက်သည်။

"စိတ်လျှော့ စိတ်လျှော့ ကျွန်တော်ကြားထားတာ အစ်ကိုက အစ်ကိုတို့ ကျောင်းကနေလုပ်တဲ့ အဓိကစမ်းသပ်နေတဲ့ ပရောဂျက်တစ်ခုအတွက် အရွေးခံထားရတယ်ဆို။ အစ်ကိုသုံးက အခုဆို နိုင်ငံက အဓိကပျိုးထောင်ပေးမယ့် အရည်အချင်းရှိတဲ့သူ ဖြစ်နေပြီလေ။ အရမ်း စိတ်မရှည်ဖြစ်တာက အစ်ကိုသုံးအတွက် မကောင်းဘူး"

ယဲ့ချန်းဖုန်းရဲ့ စိတ်ရှည်မှုတွေက ကုန်ဆုံးတော့မည်ဖြစ်သည်။ "မင်း ပြောမှာလား မပြောဘူးလား?"

"အခု ကျွန်တော်တို့ ပြောနေတာပဲ မဟုတ်ဘူးလား?" ယဲ့ချင်းရန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ "တစ်ယောက်က ပိုင်ပေပေကို လိုက်ပိုးပန်းနေတာမဟုတ်ဘူးလား? ဒါက အရမ်းကို ရိုးရှင်းတဲ့ ကိစ္စပဲကို"

"ရိုးရှင်းတယ်?"

"ဟုတ်တယ်" ယဲ့ချင်းရန်က မေးလိုက်သည်။ "ကျိုးတောင်ကို သွားမယ့် ခရီးက မနက်ဖြန်မဟုတ်ဘူး  မဟုတ်လား?"

"နောက်နှစ်ရက်နေမှ"

"ဒါဆို မနက်ဖြန်ကျရင် ပိုင်ပေပေကို သွားရှာလိုက်။ ပြီးရင် အစ်ကိုသုံးက သူမကို သဘောကျနေတဲ့အကြောင်း အစ်ကို့ ကောင်မလေးဖြစ်စေချင်တဲ့အကြောင်း တိုက်ရိုက်သာပြောလိုက်"

ယဲ့ချင်းရန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

ယဲ့ချန်းဖုနး်က "အာ" ဟု တစ်လုံးသာ ပြောနိုင်ပြီး သူ့ရဲ့ အမူအရာက ရှုပ်ထွေးပြီး စိတ်လှုပ်ရှားနေသည်။

ယဲ့ချင်းရန်က သူ့ကို ကြည့်လိုက်သည်။ "ဘာကို အာ လဲ? သူမကို အစ်ကို့ကောင်မလေး မဖြစ်စေချင်တာလား?"

ယဲ့ချန်းဖုန်းက ခေါင်းခါလိုက်သည်။ "အဲ့လိုမဟုတ်ဘူး"

"အစ်ကို ကြိုက်တယ်ဆိုမှတော့ ဖွင့်ပြောလိုက်ပေါ့။ သူမက အစ်ကို့ကောင်မလေး ဖြစ်လာရင် တခြားယောကျာ်းတွေအတွက် အလိုလို အခွင့်အရေးမရှိတော့ဘူး" သူမ အစ်ကိုသုံးက IQ မြင့်ပြီး EQ ကျ နိမ့်နေမယ်လို့ ယဲ့ချင်းရန် မထင်ထားပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now