Chapter 44: Her damned charm

9.4K 1.3K 101
                                    

UNICODE

တုန်ဖန်းယွီက သူမနောက်ကျောကို ပုတ်ပေးရင်း လေသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးနေသည်။ သို့သော်လည်း သူ့စိတ်ထဲတွင်တော့ ဒေါသတွေဖြင့် ပြည့်နေသည်။ ဒီ ယဲ့ချင်းရန်... ဆိုးဆိုးဝါးဝါးသေသွားရအောင်ကို လုပ်ပစ်မည်။

ဒီချစ်သူစုံတွဲက မထွက်သွားသေးသည့် တုန်ဖန်းမိသားစုရဲ့ ယာဉ်မောင်းကို လုံးဝမေ့နေသည်။ လမ်းဘေးတွင် ကားကို ရပ်ထားပြီး ကြည့်နေသည်။

ယဲ့ချင်းရန်က အတန်းရှိတဲ့ဆီကို လျှောက်နေသည်။ အတန်းတံခါးဝမှာတော့ ကောင်မလေးတစ်ယောက်က လက်တွင် မုန့်တစ်ခုကိုင်ထားပြီး ပြေးလာပြီး သူမကို အော်ပြောလိုက်သည်။

"ယဲ့ချင်းရန် ညီမ အစ်ကို့ကိုသဘောကျတယ်"

ဘေးပတ်ပတ်လည်ရှိ ကျောင်းသားတွေရဲ့ အော်သံတွေထွက်လာသည်။

အကုန်လုံးက ပွဲကြီးပွဲကောင်းကြည့်နေတဲ့ပုံစံနဲ့ ကြည့်နေကြသည်။ တစ်ချို့တွေက ဒီကောင်မလေးက အရမ်းကို သတ္တိရှိကြောင်းပြောကြသည်။ ယဲ့ချင်းရန်မှာ ရည်းစား ၄ယောက်ရှိပြီးတာကို သိတာတောင်မှ သူမက ဖွင့်ပြောရဲသေးသည်။ တစ်ချို့ကတော့ ယဲ့ချင်းရန်က အရမ်းအံ့ဩဖို့ကောင်းကြောင်း နောက်ထပ် ၅ယောက်မြောက်ရည်းစားရတော့မယ့်အကြောင်း ပြောနေကြသည်။

ယဲ့ချင်းရန်ခမျာ ရှက်သွားသည်။ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။

"အတန်းဖော် ငါ့ကို သဘောမကျပါနဲ့ ငါက အရမ်းဆိုးတာ"

"ညီမဂရုမစိုက်ဘူး... အစ်ကို့ပန်းတိုင်က ပင်လယ်ဘုရင်ဖြစ်ဖို့ဆိုရင် ညီမက အစ်ကို့ရဲ့ ငါးလေး ဖြစ်ပေးချင်တယ်... ညီမ အသက်ရှင်နေသရွေ့ အစ်ကို့ငါးပဲ ဖြစ်ချင်တယ်.. ညီမသေသွားရင် အစ်ကို့ရဲ့ စည်သွပ်ဘူးငါး ဖြစ်ချင်တယ် ညီမက ညှီနံ့ထွက်နေတဲ့ ငါးဖြစ်ခဲ့ရင် အစ်ကို့အတွက် ငါးစွပ်ပြုတ်လေးတစ်ခွက် ဖြစ်ပေးမယ်"

"ဒီစကားတွေက ရင်းနှီးနေသလိုပဲ...မင်း အင်တာနက်ကနေကူးလာတာလား... အဲဒါက လူတွေက အနုပညာရှင်နောက် လိုက်တဲ့အခါ ပြောကြတဲ့စကားတွေလေ မင်းရည်းစားကို ပြောဖို့မဟုတ်ဘူး.. မင်းအဲ့လို ပြောမယ်ဆို ကောင်လေးရှာနိုင်မှာမဟုတ်ဘူး... နားလည်လား"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now