Chapter 21: She Wasn't Surprised

10.6K 1.3K 51
                                    

စီကျင်းက ကျောင်းကအထုတ်ခံလိုက်ရတယ်၊ မုချင်းရွဲက မေ့လဲသွားတယ်၊ တုန်ဖန်းယွီက သူမကို သတိလာပေးတယ်...ဒါတွေအားလုံးဟာ နောက်ဖြစ်လာမယ့်ကိစ္စတွေရဲ့ အစဖြစ်သည်။

မုချင်းရွဲက ဆေးရုံကဆင်းလာပြီးနောက်မှာတော့ သူမသူငယ်ချင်းတွေဆီ စာအရှည်ကြီးပို့လာသည်။ ပထမအနေနဲ့ စီကျင်းက ပူပင်ကြောင့်ကျမဲ့တဲ့ လူမျိုးဖြစ်ပေမယ့် သူမက လူလူချင်းဆက်ဆံရေးကို တန်ဖိုးထားတတ်ကြောင်း ဖော်ပြထားသည်။ ပြီးတော့ စီကျင်းက သူမရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ပေမယ့် သူမက သာမန်လူဖြစ်လို့ သူမမှာ စီကျင်းကို ကူညီနိုင်တဲ့ အရည်အချင်းမရှိကြောင်း ပြောထားသည်။ နောက်ဆုံးမှာတော့ အနာဂတ်မှာ ဘယ်သူမှ သူတို့ကို အနိုင်မကျင့်တော့လောက်အောင် သူတို့က အင်အားကြီးလာဖို့ မျှော်လင့်ကြောင်း ထပ်ပေါင်းပြောထားသည်။
(T/N သဘာဝရဲ့ဖိုးလမင်းမ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောထားတာများ ယူတို့တော့မသိ အိုင်ကတော့ နောက်ပိုင်းအခန်းတွေဖတ်လေ အဲ့ဟာမကို နုတ်နုတ်စင်းချင်လေပဲ)

စာထဲတွင် ယဲ့ချင်းရန်အကြောင်း တစ်ခုမှမပါသော်လည်း သိသာအောင် ပြောထားတာဖြစ်သည်။ ကြည့်လိုက်ရင် အမှန်တရားလို့ထင်ရပေမယ့် အမှန်တရားတစ်ခုမှ မပါပေ။ အဲဒါက လူတွေရဲ့ အတွေးတွေကို ဖျက်ဆီးပစ်လိုက်သလိုဖြစ်နေသည်။ အဲ့စာအရှည်ကြီးက ကျောင်းဖိုရမ်ပေါ်သို့ ရောက်သွားတာနဲ့ သီအိုရီပေါင်းများစွာ ထွက်ပေါ်လာတော့သည်။

တစ်ချို့တွေက စီကျင်းကသာ ခံလိုက်ရတဲ့ပုံစံ ကောက်ချက်ချလာကြသည်။ ကိစ္စတွေကို ယဲ့မိသားစုက ပိုက်ဆံနှင့်ဖြေရှင်းလိုက်ခြင်းဖြစ်ကြောင်း... စီကျင်းရဲ့ အဖေက ခြိမ်းခြောက်ခံထားရကြောင်း..စီကျင်းက ဝန်မခံရင် ယဲ့မိသားစုက စီကျင်းအဖေကို ပစ်မှတ်ထားလာနိုင်ကြောင်း စတဲ့စကားတွေထွက်ပေါ်လာသည်။ ထိုမှတ်ချက်တွေက မုချင်းရွဲအတွက် လူအများရဲ့ နှလုံးသားတွေက နာကျင်လာကြသည်။

အဲဒါတွေက ယဲ့ချင်းရန်ကို စောင်းမြောင်းထားတွေကြီးပဲဖြစ်သည်။ မုချင်းရွဲကို ကြိုက်တဲ့အဖွဲ့တွေက သူမကို နတ်ဘုရားမလို့တောင် အမည်တပ်ကြပြီး ဖန်ကလပ်ပါထောင်လိုက်ကြသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now