Chapter 39: Her Rescue Plan

9.4K 1.4K 19
                                    

UNICODE

ယဲ့ချင်းရန် အရမ်း အံ့အားသင့်သွားသည်။ ဘာလို့ငိုရတလဲ? ဒီကောင်မလေးက ယဲ့ချန်းဖုန်း စွန့်ပစ်လိုက်တဲ့ ရည်းစားများလား?

သူမရဲ့ မှတ်ဉာဏ်တွေထဲတွင် ယဲ့ချန်းဖုန်းတွင် ရည်းစားနဲ့တူတဲ့သူ တစ်ယောက်မှ မရှိခဲ့ပေ...

ထိုအခါမှသာ ထိုကောင်မလေးက သူမဘေးနားတွင် လူရှိနေတာကို သတိထားမိလိုက်ပြီး ရှက်ရှက်နဲ့ မျက်ရည်သုတ်ကာ တောင်းပန်တော့သည်။ "တောင်းပန်ပါတယ်"

ယဲ့ချင်းရန် ရယ်ချင်သွားသည်။ "ဘာလို့ ကျွန်တော့်ကို တောင်းပန်ရတာလဲ"

ထိုကောင်မလေးက အားနည်းစွာနဲ့ မေးလိုက်သည်။ "အင်း.... စီနီယာ ယဲ့ချန်းဖုန်းကို သိတယ်လား"

"သိတယ်" ယဲ့ချင်းရန်က ခေါင်းညိတ်ပြီး ပြန်မေးလိုက်သည်။ "သူနဲ့ မင်းနဲ့ ဆက်ဆံရေးကဘာလဲ"

ထိုကောင်မလေးက လက်ခါရမ်းပြလိုက်သည်။ "ငါတို့က အဲ့လိုဆက်ဆံရေးမရှိဘူး... အင်း.. အခု ငါငိုတာကို နင်မြင်လိုက်တဲ့အကြောင်း သူ့ကို မပြောပြနဲ့နော်... သူက ငါ့ကို မသိဘူး"

ယဲ့ချင်းရန်က ချက်ချင်းနားလည်သွားသည်။

"မင်းက သူ့အပေါ် တစ်ဖက်သတ်ပဲ"

ထိုမိန်းကလေးက ရှက်သွေးဖြာသွားသည်။ "ငါက သူ့ကို အဝေးကနေကြည့်နေရုံပဲ.... စီနီယာအပေါ် ငါ ဘာမှ မလုပ်ချင်ဘူး"

ယဲ့ချင်းရန်က သူမကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ "နာမည်ဘယ်လိုခေါ်လဲ"

"ငါ့နာမည်က ပိုင်ပေပေ့"

ဒါက ပိုင်ရှုရဲ့ လှပတဲ့ ကြင်နာတဲ့ နူးညံ့တဲ့ ချစ်စရာကောင်းတဲ့ ညီမလေးပေါ့လေ... ယဲ့ချင်းရန်က အံ့အားသင့်သွားသလို တစ်ချိန်ထဲမှာပဲ သူမ နားလည်သွားသည်။

ဘာလို့ ပိုင်ရှုက ယဲ့ချန်းဖုန်းကို ရှာပြီး သူ့ညီမလေးနဲ့ တူတူရှိနေဖို့ ပြောလဲဆိုတာ နောက်ဆုံးတော့ သူမနားလည်သွားပြီ... ပိုင်ပေပေ့က ယဲ့ချန်းဖုန်းကို တစ်ဖက်သတ် သဘောကျနေပြီး တိတ်တိတ်လေးကို သူ့ကို ကြည့်နေတတ်သည်။ ဒါပေမယ့် သူမရဲ့ သိမ်ငယ်စိတ်ကြောင့် သူမ ဖွင့်မပြောရဲပေ...

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM Translationजहाँ कहानियाँ रहती हैं। अभी खोजें