Chapter 149: She Was Being Suspected By Chu Yan

7.1K 1.1K 69
                                    

UNICODE

မုချင်းရွဲနှင့် ယဲ့ချင်းရန်က တစ်ယောက်ကိုတစ်ယောက် တော်တော်ကြာသည်အထိ ကြည့်နေသည်။

သူမက လေးနက်စွာပြောလိုက်သည်။ "ဒါဆိုလည်း ငါ့ရှေ့နေဆီက အကြောင်းကြားစာကို စောင့်နေလိုက်တော့"

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "ဒါက ငါ့အကြိုက်ဆုံးလှည့်ကွက်ပဲ။ ကြော်ငြာဖို့ သတိရဦးနော်"

ပြောပြီးတာနှင့် တံခါးပိတ်လိုက်သည်။

ခေါင်းကိုက်သလို ခံစားရလို့ သူမနဖူးကို ကိုင်ထားမိသည်။

ဒီဇာတ်လိုက်မကို ဘယ်လိုလုပ်သင့်လဲ? တော်တော်ကြီးကို စိတ်ရှုပ်ဖို့ကောင်းလွန်းလို့ တကယ် သတ်ပစ်ချင်တယ်။ ဒါပေမယ့် သူမက ဇာတ်လိုက်မ ဒီစာအုပ်ကမ္ဘာရဲ့ အလယ်ဗဟိုချက်။ သူမသေသွားလို့ ကမ္ဘာကြီး ပြိုလဲသွားပြီး အကုန်လုံး ပျောက်ကွယ်ကုန်ရင် ဘယ်လိုလုပ်မလဲ?

သူမ မပြန်ရရင် ဘယ်လိုလုပ်မလဲ?

ချူယန်က အပေါ်တက်သွားခြင်းမရှိပေ။ လှေကားကို မှီရင်း သူမကို ကြည့်နေသည်။ ယဲ့ချင်းရန်က သူ့ကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် လက်ဖြန့်ပြလိုက်သည်။

"ယုတ္တိကျကျပြောရရင်တော့ ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို ဒီလို ကျွန်တော် မဆက်ဆံသင့်ဘူး။ ပိုပြီး လူကြီးလူကောင်းဆန်ပြီး ပိုပြီး ညင်သာသင့်တယ်။ ကျွန်တော် တွက်ချက်တာမျိုးလည်း မဖြစ်သင့်ဘူး။ ဒါပေမယ့် သူမကို ကျွန်တော်မြင်တဲ့အချိန်တိုင်း တော်တော်ကို စိတ်ရှုပ်တာ"

"မင်းသူမကို တော်တော်ကြီး ကွဲကွဲပြားပြား ဆက်ဆံတယ်"

"အရမ်းကို ကွဲကွဲပြားပြား?" ယဲ့ချင်းရန်က ပဟေဠိဖြစ်သွားသည်။ ရုတ်တရက် သူမက အံ့ဩတကြီးမေးလိုက်သည်။ "ကျွန်တော် ဒီမိန်းမကို ကြိုက်နေလို့ အထူးတလည်ဆက်ဆံတယ်ဆိုပြီး အစ်ကိုတွေးနေတာလို့တော့ မပြောနဲ့နော်"

"မဟုတ်ဘူး။ မင်းက သူမကို မတူတဲ့ပုံနဲ့ ဆက်ဆံတာ" ချူယန်က အသေးစိတ်ပြောလိုက်သည်။ "သူမကိုဆို မင်း အာရုံစိုက်တယ်။ မင်း သူမနဲ့ စကားပြောချိန်တိုင်း သိချင်စိတ်ရှိနေပြီး မင်းမျက်နှာမှာ သတိထားတဲ့ပုံရှိနေတယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now