Chapter 195: Turned Out to Be Shy

8.1K 1.1K 56
                                    

UNICODE

ဟဲစီကျိုးက သူမကို ယောကျာ်းလေးတစ်ယောက်လို သဘောမထားဘူးလေ။

သူသာ ယဲ့ချင်းရန်ကို ယောကျာ်းလေးတစ်ယောက်လို သဘောထားပြီးဆက်ဆံလိုက်ရင် ချူယန်ကို သူ့ကို တစ်စစီဆွဲဖြဲမှာကို သူကြောက်သည်။

ထို့ကြောင့် သူက မယဉ်ကျေးဟန်ဖြင့် ယဲ့ချင်းရန်ကို ကြားဖြတ်ပြောလိုက်သည်။ "ဒီမှာ မင်းတို့တွေနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ မင်းတို့နှစ်ယောက်က ဒီကို ဒိတ်လုပ်ဖို့ ရောက်လာတာမဟုတ်ဘူးဆိုတော့ မြန်မြန်လာကူကြ"

ချူယန်က ယဲ့ချင်းရန်ကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းအဆင်ပြေသလိုနေနေဦးနော်"

ယဲ့ချင်းရန်က ခေါင်းညိတ်ပြလိုက်သည်။ "သွားပြီး အလုပ်လုပ်လေ။ ညီမကို စိတ်မပူနဲ့"

အဲ့လိုနှင့်ပဲ ကောင်းကင်ကြီးမှာ ကြယ်တွေနှင့် လ ထွက်ပေါ်လာပြီး ညရောက်သည်အထိ အလုပ်များတော့သည်။

ချူယန်နှင့် ယဲ့ချင်းရန်က ညစာစားပြီး ဗီလာကို ပြန်ရောက်ချိန်မှာတော့ ည၁၁နာရီထိုးပြီဖြစ်သည်။
ယဲ့ချင်းရန်က အရင်ကမရောက်ဘူးတာမဟုတ်ပေမယ့်လည်း ဒီနေ့က မတူပေ။

သူမစိတ်ရှိသလို လာလိုက်သွားလိုက်လုပ်သည့် နေရာဖြစ်သည်။ သို့ပေမယ့် ဒီနေ့ ချူယန်နှင့်အတူ အိမ်ထဲဝင်ချိန်မှာတော့ သူမနှလုံးခုန်သံက မြန်လာပြီး တစ်ကိုယ်လုံး ပူလာကာ သူမစိတ်ကလည်း မရှင်းမရှင်းဖြစ်နေသည်။

စုံတွဲ အတူတူနေတယ်လို့ ယူဆလို့ရလားဟင်?

ချူယန်က သူမကို ကြည့်လိုက်ချိန်မှာတော့ သူမမျက်နှာသေးသေးလေးက နွေဦးမှာပွင့်သည့် မက်မွန်ပန်းလို ရှက်သွေးဖြာနေသည်။ ပန်းရောင်သန်းပြီး ဆွဲဆောင်မှုရှိနေသည်။

သူက ရယ်လိုက်သည်။ "ဘာဖြစ်လို့လဲ? အအေးမိတာလား?"

ယဲ့ချင်းရန် ကြောင်အသွားကာ လက်မြှောက်ပြီး သူမနဖူးကို ထိလိုက်သည်။ "ဟင့်အင်း ညီမအဆင်ပြေပါတယ်။ ညီမအအေးမိတာလားလို့ ဘာလို့ ရုတ်တရက်ကြီး ပြောတာလဲ?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now