Chapter 169: The Beginning of a Coincidental Encounter

6.7K 962 6
                                    

UNICODE

ချူယန်က သုံးစက္ကန့်လောက် ငြိမ်ကျသွားပြီးမှ ရုတ်တရက်ထရယ်လိုက်သည်။ "စိတ်ဆိုးနေတာလား?"

"မဆိုးဘူး"

ချူယန်ရဲ့ လေသံက ခိုင်မာနေသည်။ "စိတ်ဆိုးနေပါတယ်"

ယဲ့ချင်းရန်က သူမစိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းမပြောခင် ခဏလောက် တွေးလိုက်သည်။ "သူမကောင်းဖို့အတွက်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ သူမ မကြိုက်တဲ့အရာကို အစ်ကို မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ရုံပဲ"

တစ်ချိန်က သူမလည်း ချူရုန်ရုန်လိုပင်။ တခြားနိုင်ငံကို သွားရမည့်အရေးကို သူမ အင်မတန် အတိုက်အခံလုပ်ခဲ့ရသည်။

သူစိမ်းဆန်ပြီး အေးစက်သည့်နေရာမှာ မင်းကို ဂရုစိုက်ပေးမယ့်သူတွေ ကာကွယ်ပေးမယ့်သူတွေရှိတာတောင်မှ မင်းဘေးမှာ မင်းမိသားစုမရှိရင် ကြောက်စိတ်ဖြစ်နေမိမှာပဲ။

အချိန်တစ်ခုကြာပြီးမှ မင်း ကြီးပြင်းလာတာကြောင့် နေသားကျသွားတာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့ပေမယ့် မင်းနေသားကျသွားတယ်ဆိုတဲ့အရာက အထီးကျန်ဆန်မှုသာ ဖြစ်သည်။

သူမက ခဏလောက်ရပ်ပြီး ဆက်ပြောလာသည်။ "တခြားနည်းနဲ့ အစ်ကို တွေးကြည့်။ အစ်ကိုသဘောမကျတဲ့ မိန်းမတစ်ယောက်ကို အစ်ကို့အလုပ်အဆင်ပြေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အစ်ကို့မိသားစုက လက်ထပ်ခိုင်းမယ်ဆိုရင် အစ်ကို သဘောတူဦးမှာလား?"

ချူယန် "..."

ယဲ့ချင်းရန်က မတ်တပ်ထရပ်လိုက်သည်။ "ကျွန်တော် သူမကို သွားကြည့်တာပဲကောင်းတယ်"

ချူယန်က နူးညံ့စွာ ပြောလာသည်။ "ကောင်းပြီလေ။ ကိုယ်စဉ်းစားနေတုန်းလို့ သူမကို မင်းပြောလို့ရတယ်"

ယဲ့ချင်းရန် မပြုံးလိုက်ခင် ခဏလောက်မှင်သက်သွားသည်။ "အိုကေ"

သူမအပြင်ထွက်တာနှင့် ခြံဝန်းထဲမှာ ကျောက်တုံးတွေကို ကန်နေသည့် ချူရုန်ရုန်ကို သူမ မြင်လိုက်ရသည်။ သူမက ဆဲဆိုနေတုန်းဖြစ်သည်။ "အာဏာရှင် အာဏာရှင်ကြီး အာဏာရှင်ကြီး၊ ခေါင်းမာပြီး အာဏာရှင်ဆန်တဲ့ အစ်ကိုကြီး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now