Chapter 191: The So-Called Love, Is Useless

8K 1.1K 23
                                    

UNICODE

"သမီးက ထောက်ခံချက်ရထားပြီးပြီ..."

"ပုံမှန် ထောက်ခံချက်ရတာနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြတ်စရာမလိုတော့ဘူး။ ဒါပေမယ့် မေမေလိုက်မေးကြည့်သလောက်က နေရာအာမခံချက်ရထားပေမယ့် စာမေးပွဲမတိုင်ခင် အကဲဖြတ်တဲ့အဆင့်ကို ဖြတ်ရတုန်းပဲတဲ့။"

"ဟုတ်ပါပြီ" ယဲ့ချင်းရန်က သူမဗိုက်ကို ထိလိုက်သည်။ "သမီးတကယ်ဗိုက်ဆာနေပြီ။ အမေက သမီးအတွက် ဟင်းမနွှေးပေးရင် သမီးဘာသာပဲ လုပ်လိုက်တော့မယ်"

လင်းရှုအာက မတ်တပ်ရပ်လိုက်သည်။ "ဟုတ်ပါပြီ ထပ်မမေးတော့ဘူး။ မြန်မြန်သိမ်းပြီးရင် လာဆင်းစားတော့"

"ဟုတ်ကဲ့"

ယဲ့ချင်းရန်က သူမကိုယ်သူမ အမြဲတိကျပြတ်သားတယ်လို့ တွေးခဲ့သည်။ ချူယန်နှင့် တွေ့ချိန်ကလွဲလျှင်ပေါ့။

သူမ အရမ်းတုန့်ဆိုင်းနေမိသည်။

သူမရဲ့ အကျင့်စရိုက်အရဆို သူက သူမကို သဘောကျလား မကျလားဆိုတာ တိုက်ရိုက်မေးလိုက်ချင်သည်။ သူမကို သူ သဘောကျရင် သူတို့အတူတူ နေနိုင်သည်။ သူမကို သူ သဘောမကျရင်တော့ ကိစ္စမရှိပေ။ သူငယ်ချင်းဖြစ်ချင်တယ်ဆိုလည်း သူငယ်ချင်းပေါ့။ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုလည်း ထပ်မတွေ့ရုံပဲရှိသည်။

ဤအကြံက နားထောင်လို့ ကောင်းပေမယ့် တကယ့်တကယ် ဖြတ်သန်းရမည်ဆိုလျှင်တော့ ကောင်းကင်ဘုံကို စံမြန်းတက်ရတာထက် ပိုခက်ခဲသည်။

သူမ မနေနိုင်ဘဲ တွေးကြည့်မိတော့သည်။ ချူယန်က သူမကို ငြင်းပယ်လိုက်ရင် သူမငယ်ချင်းမဖြစ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ? သူတို့တွေ တကယ်ပဲ ထပ်မတွေ့ရတော့ဘူးလား?

သူတို့သာ အတူတူသာရှိခဲ့မယ်ဆိုရင် သူမတွေးကြည့်မိသည်။ တစ်နေ့ သူမက ဒီစာအုပ်ကမ္ဘာထဲကနေ ပျောက်ကွယ်သွားပြီး တကယ့်ဘဝကို ပြန်သွားလိုက်ရရင် ဘယ်လိုလုပ်မလဲ?

အဲ့လိုဆို ချူယန် ဘယ်လိုလုပ်မလဲ?

ယခုအခြေအနေက အကောင်းဆုံး ဖြစ်ကောင်းဖြစ်လိမ့်မည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now