Chapter 113: She Was Seduced Intentionally

8.1K 1.1K 48
                                    

UNICODE

ယဲ့ချင်းရန်က အပြင်ထွက်ပြီး ဆော့ရန် သူမအတွက် ခရီးသွားဖို့ အချိန်ဇယားပြင်ဆင်နေသည်။ သူမရဲ့အစီအစဉ်ကို ယဲ့ကျွင်း၊ လင်းရှုအာနှင့် ကျောင်းသို့ ပြောပြရန်အတွက် စဉ်းစားနေသည်။ သူမတစ်ယောက်တည်း ခရီးသွားတာကို သူတို့ စိတ်အေးပါ့မလားဆိုတာ သူမလည်း မသိချေ။

ရုတ်တရက် လူခေါ်ခေါင်းလောင်းမြည်လာ၏။

ဘယ်သူပါလိမ့်? ချူယန်များပြန်လာတာလား? မဖြစ်နိုင်တာ။ ချူယန်မှာ လျှို့ဝှက်နံပါတ်နဲ့ အခန်းသော့ရှိတာပဲဟာ... သူပြန်လာရင် သူ့ဘာသာ အိမ်ထဲဝင်လာလို့ရတာပဲလေ။

ယဲ့ချင်းရန်က ထရပ်ပြီး တံခါးသွားဖွင့်လိုက်သည်။

အပြင်တွင်ရပ်နေသည့် မိန်းကလေးကို မြင်တော့ သူမ အံ့ဩသွားသည်။ တစ်ချိန်တည်းမှာပဲ အံ့ဩတာရော မအံ့ဩတာရောပါ ဖြစ်နေသည်။ ဇာတ်လိုက်မက မပျောက်ကွယ်သွားနိုင်ဘူးလေ။

"ယဲ့ချင်းရန် ငါနင့်ကို ပြောစရာရှိတယ်" မုချင်းရွဲက သန့်ရှင်းပြီး လှပသည့်ပုံစံဝတ်ထားသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားရင်း ယဲ့ချင်းရန်ကို ရှက်နေသည့်ဟန်ဖြင့် ကြည့်လာသည်။

ယဲ့ချင်းရန်က ပဟေဠိဖြစ်သွားသည်။ မုချင်းရွဲက သူမဆီ အကြောင်းမရှိဘဲ မလာနိုင်ဘူး။ သူမစိတ်ထဲမှာ အကြံအစည်တစ်ခုခုရှိလိမ့်မယ်။

သို့သော်လည်း သူမ မျက်နှာတွင်တော့ ဘာအမူအရာမှ မပါဘဲ အေးစက်စွာ မေးလိုက်သည်။

"ဘာကိစ္စလဲ?"

"ငါတို့အထဲမှာ စကားပြောလို့ရမလား?"

မုချင်းရွဲက မျက်လွှာချလိုက်သည်။ သူမပုံက ဝမ်းနည်းနေသည့်ပုံဖြစ်နေသည်။ ယဲ့ချင်းရန်က သူမကို ငြင်းပယ်လိုက်မှာကို စိုးရိမ်နေသည့်ပုံဖြစ်နေသည်။

"ဒီမှာ ဘယ်သူမှ မရှိနေဘူး။ ငါပြောစရာလည်း ဘာမှမရှိလို့ ဒီမှာပဲပြော" ယဲ့ချင်းရန်က သူမကို အိမ်ထဲသို့အဝင်မခံပေ။

"ဒါပေမယ့်..." မုချင်းရွဲက တုန့်ဆိုင်းနေသည်။ သူမက ဒီမှာ မပြောချင်တာ အသိသာပင်။ သို့သော်လည်း သူမက အလျှော့ပေးလိုက်သည့်ပုံဖြင့် နူးညံ့စွာပြောလာသည်။ "ယဲ့ချင်းရန် ငါပင်ပန်းပြီး ကြောက်နေပြီ...ငါ နင်နဲ့ အဆင်ပြေချင်တယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now