Chapter 51: She Wanted Chu Yan to Buy It

9.5K 1.3K 54
                                    

UNICODE
ချူယန်က သူမဘေးရှိဆိုဖာတွင်ဝင်ထိုင်လိုက်ရင်း အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိပေ

ယဲ့ချင်းရန်ရဲ့အပြုံးတွေက ပျောက်ကွယ်သွားပြီး သူမအမူအရာက အနည်းငယ်လေးနက်သွားသည်။ ချူယန်ကို မျက်တောင် မခတ်ကြည့်နေ၏။ "အစ်ကိုက နဂါးနန်းတော်ကို စိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်သိတယ်.. အဲဒါကို လုံနောက်လိုက်ကို အချိန်တစ်ခုထိ ပေးမသိစေချင်ဘူးဆိုတာလည်း သိတယ်... နဂါးနန်းတော်ရဲ့ လျှို့ဝှက်ချက်ကိုလည်း ကျွန်တော်တို့ ရှာတွေ့ထားတယ်... အခုတော့ အဲ့ဒါတွေက လွယ်ကူသလိုဖြစ်သွားပြီ... ခုနက ကြံရာမရဖြစ်သွားလို့ ကျွန်တော်က နဂါးနန်းတော်မှာ စောင့်ကြည့်ကင်မရာတွေတပ်ထားတာကို ကျွန်တော်သိတယ်လို့ ပြောလိုက်မိတယ်"

ချူယန်က မအံ့ဩပေ။ ခပ်ဖျော့ဖျော့လေးသာတုန့်ပြန်လာသည်။ "အို"

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ "အစ်ကို စိတ်မဆိုးဘူးလား"

ချူယန်က ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလာသည်။ "မင်းက သူတို့ကို ပြောပြီးပြီလေ... ငါ စိတ်တိုစရာရှိသေးလို့လား"

ယဲ့ချင်းရန်က ပြောလာသည်။ "လုံကျွင်းယောင် သိသွားပြီဆိုတော့ ရှေ့လျှောက် ပြဿနာရှိလာနိုင်တယ်... မြွေကို ခြောက်လိုက်ပြီဆိုတော့ တိုက်ရိုက်ပဲ မြှားထုတ်လိုက်ရတော့မလား"

ချူယန်က မေးလာ၏။ "နဂါးနန်းတော်ကို စောင့်ကြည့်ဖို့ မင်းကို ငါဘာလို့ပြောလဲဆိုတာ ိသလား"

ဒါပေါ့ ယဲ့ချင်းရန် သိပါသည်။ သို့သော်ငြားလည်း အမှန်တရားကို ထုတ်ပြောသင့်လား မပြောသင့်လားဆိုတာ တုန့်ဆိုင်းနေမိသည်။ ခေတ္တမျှ တုန့်ဆိုင်းပြီးနောက်မှာတော့ သူမ ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"နဂါးနန်းတော်ရဲ့ နောက်ကွယ်က လူကို အစ်ကို သိသလောက်ဖြစ်နေတယ်လို့ ထင်လို့လေ... ကျွန်တော်ထင်တာ မမှားရင် အစ်ကိုက သံသယရှိနေတာမဟုတ်ဘူး အဲဒါထက် နဂါးနန်းတော်ရဲ့ နောက်ကွယ်ကလူကို အစ်ကိုသိနေတဲ့သူဆိုတာ သေချာနေလို့ပဲ"

ချူယန်ခေါင်းငြိမ့်လိုက်သည်။ ယဲ့ချင်းရန်ပြောတာ မှန်သည်ဆိုသည့် အဓိပ္ပါယ်ပင်

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now