Chapter 32: Her Monthly Exam Score

10K 1.3K 65
                                    

ဒါပေါ့ ချူယန်ကတော့ သူမကို ဘယ်ပြောလိမ့်မလဲ... ယဲ့ချင်းရန်ကပဲ တစ်ချို့ အကြောင်းနည်းနည်းလောက်ကို ပြောပြရသည်။ လျှို့လန်းဝေရဲ့မွေးနေ့ကို သွားတဲ့အကြောင်း အပြန်မှာ ချူယန်နဲ့ ဆုံတဲ့အကြောင်းသာ ပြောပြပြီး ရှန်းချင်းထင်နဲ့ပတ်သက်တာတွေကို မပြောပြပေ....
ချူရုန်ရုန်က နှုတ်ခမ်းဆူလိုက်သည်။ "အစ်ကိုကြီးနဲ့သာ ဆုံမယ်ဆိုတာ သိရင် နဂါးနန်းတော်ကို ဆော့ဖို့သွားပါတယ်... မုချင်းရွဲရဲ့ Live ဖျော်ဖြေတာကြီးက အရမ်းကောင်းတယ်မဟုတ်လား?"

သူမရဲ့ Wechat Moment တွင် လျှို့လန်းဝေရဲ့ Video ကို ချူရုန်ရုန်တွေ့ထားတာဖြစ်သည်။ ယဲ့ချင်းရန် ဘာမှမပြောနိုင်ခင်မှာတင် ချူယန်က အေးစက်စွာ ပြောလိုက်သည်။ "မင်းသွားခွင့်မရှိဘူး"

ချူရုန်ရုန်က နာခံစွာနဲ့ပဲ "အို" ဆိုတဲ့ တစ်လုံးသာ ပြန်ဖြေလိုက်သည်။ ယဲ့ချင်းရန်နဲ့ စကားနည်းနည်းထပ်ပြောပြီးနောက် သူမအိမ်စာလုပ်ရန်အတွက် အခန်းသို့ပြန်သွားသည်။

ယဲ့ချင်းရန်က ချူယန်ကို ကြည့်လိုက်ပြီး "ဒီနေ့ ကျွန်တော် စာလုပ်ဖို့ လိုသေးလား"

"ရှေ့လျှောက်ပြီး မင်း guide နဲ့ စာသင်စရာမလိုတော့ဘူး"

ချူယန်က အဲဒါပြောပြီးနောက် သူ့အခန်းထဲသို့ ပြန်သွားသည်။ ယဲ့ချင်းရန်က သက်ပြင်းချလိုက်သည်။ တကယ်ပဲ သူမကို သိနေပြီလား? သူမလည်း အခန်းထဲပြန်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ မုချင်းရွဲရဲ့ မြင်ကွင်းကို ပြန်ကြည့်လိုက်သည်။

ဇာတ်လိုက်မကတော့ ဇာတ်လိုက်မပါပဲ... ဒါက သူမရဲ့ Relationship ပြောင်းလဲမှုနေရာပါပဲ... ဆေးအခပ်မခံရတာတောင်မှ ဇာတ်လိုက်ကောင်နဲ့ပဲ အဆုံးသတ်နေသေးသည်။ ဒါပေမယ့် တခြား ဇာတ်လိုက် နှစ်ကောင်ကတော့ မပေါ်လာပေ။
(T/N ကြည့်ရတာ မူရင်း ဇာတ်လမ်းမှာ ပထမညမှာတင် 4P ဖြစ်မယ့်ပုံစံပဲ)

နောက်တစ်နေ့ရဲ့ အတန်း တတိယချိန်မှာတော့ ကစားကွင်းထဲ ယဲ့ချင်းရန် ပြေးနေရင်း မုချင်းရွဲနဲ့ တည့်တည့်တိုးသည်။ မုချင်းရွဲက ဒီနေ့မှာတော့ အဖြူရောင် ဂါဝန်ဝတ်ထားသည်။ သူမဆံပင်ရှည်ရှည်တွေက ပုခုံးပေါ်ကျနေပြီး ဘေးတစ်ဖက်သိမ်းထားတဲ့နေရာမှာတော့ စိန်နဲ့လုပ်ထားတဲ့ ကလစ်ကို ပန်ထားသည်။ ကလစ်ကြည့်ရတာတော့ နာမည်ကြီး Brand ထဲက Limited Edition ဖြစ်ဖို့များသည်။ သူမဒီနေ့ဝတ်ထားသည့် ဝတ်စုံကလည်း လုံကျွင်းယောင် ပြင်ဆင်ထားပေးတာပဲနေလိမ့်မည်။ အဲဒါက သူမအလှကို နောက်တစ်ဆင့်မြှင့်ပေးသလိုဖြစ်ပြီး ပိုပြီး ဖြူစင်လှပတဲ့ ပုံစံဖြစ်သွားစေသည်။
(T/N ၁၈တောင်မပြည့်သေးဘဲ ပါ့ပါ့ပါ့နေတဲ့သူက ဖြူစင်တယ်လား ဝါးဟားဟား)

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now