Chapter 5: So Her Type

11.9K 1.6K 52
                                    

UNICODE

ယဲ့ချင်းရန်ကပြောလိုက်သည်။ "မင်းကို မမုန်းပါဘူး။ ဒီတိုင်း ငါတို့နှစ်ယောက်က မသင့်တော်ဘူးလေ"

ခဏလောက် ချူရုန်ရုန်က အေးခဲသလိုဖြစ်သွားသည်။ တစ်ခုခုကိုတွေးမိသွားတဲ့ပုံနဲ့ ပြောလာသည်။ "ကောလဟာလတွေထဲကလို အစ်ကိုက တကယ်ကြီး ယောကျာ်းလေးတွေကိုပဲ ကြိုက်တာလား"
ယဲ့ချင်းရန်: "..."

အဲ့အချိန်မှာပဲ တစ်ယောက်ယောက်က တံခါးကို တွန်းဖွင့်လာသည်။
ဘယ်သူလဲဆိုတာ မြင်လိုက်တော့ ချူရုန်ရုန်ရဲ့ ကိုယ်လေးက တောင့်တင်းသွားပြီး တိုးတိုးလေးခေါ်လိုက်သည်။
"ကိုကြီး"
ချူရုန်ရုန်ရဲ့အကြည့်အတိုင်း ယဲ့ချင်းရန်က လိုက်ကြည့်မိသည်။ သူမမြင်လိုက်တော့ သူ့ဆီကနေ မျက်လုံးမခွါနိုင်တော့ပေ။ ဝင်လာတဲ့ အမျိုးသားက အရမ်းကို ခန့်ညားလွန်းသည်။ သူ့ရဲ့ ပုံစံက အရပ်မြင့်မြင့်နဲ့ တောင့်တောင့်ဖြောင့်ဖြောင့်။ အဖြူရောင်ရှပ်နဲ့ ဘောင်းဘီအမည်းကို ဝတ်ထားသည်။ ရိုးရိုးရှင်းရှင်းသာဝတ်ထားပေမယ့် သူ့ပုံစံက စူးရှလှသည်။ သူ့ပုံစံက အရမ်းကိုတည်ငြိမ်နေပေမယ့် သူ့လှုပ်ရှားမှုတွေက ကြီးမြတ်တဲ့ဟန်တွေနဲ့ ကြောက်ဖို့ကောင်းသည်။ သူ့ပုံစံက ဆွဲဆောင်မှုရှိလွန်းသည်။

သူ့မျက်လုံးတွေက နက်ရှိုင်းတဲ့ ပင်လယ်ပြင်ကြီးထက်ကို တည်ငြိမ်နေပြီး တခြားသူတွေက သူဘာတွေးနေလဲဆိုတာ စဉ်းစားလို့မရအောင် ဘာခံစားချက်မှ မပေါ်နေပေ။ ရှေးဟောင်းမှင်ပန်းချီကဲ့သို့ သူ့ခန္ဓာကိုယ်အနေအထားက အေးစက် သန့်ရှင်းပြီး တော်ဝင်ဆန်သည်။ နှစ်ပေါင်းများစွာ တည်ငြိမ်ရင့်ကျက်လာပြီးတဲ့နောက်မှာ သူ့ရဲ့ Aura က အရမ်းအထီးကျန်တဲ့ပုံစံဖြစ်နေသည်။ အဲဒါကပဲ လူတွေကို သေရည်တစ်ခွက်လို မူးယစ်စေပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူ့ပုံစံနဲ့ အရောင်အဝါက မျက်စိပဓာနဖြစ်စေရုံမက စိတ်ကူးယဉ် အိပ်မက်တောင် မက်စေနိုင်သည်။

(T/N : အမွှန်းတင်ချက်ကြီးကဟေးးး မနည်းဘူး)

သူက သူမပုံစံပဲ သူမအကြိုက်ပဲ

"ကိုကြီး ဘာလို့ ပြန်လာတာလဲ..." ချူရုန်ရုန်က အံ့ဩသွားသည်။ သူမအစ်ကို ရုတ်တရက်ကြီး ပြန်လာမယ်လို့ မထင်ထားဘူး။ ချူယန်ရဲ့ အကြည့်တွေက ချူရုန်ရုန်ပေါ် ကျလာသည်။ ချူရုန်ရုန်လည်း ရုတ်တရက်ကြီး မမြင်ရတဲ့ ဖိအားတွေသူမအပေါ်ကျရောက်လာတယ်လို့ ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်လေးက တစ်ချက်တုန်ရီသွားပြီး ယဲ့ချန်းရန်ရဲ့ အနောက်ဘက်မှာ ပုန်းလိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now