Chapter 127: Her Boyfriend Is Really Handsome

8.3K 1.2K 28
                                    

UNICODE

"ကျွန်တော်သိခဲ့တဲ့ ဟဲစီကျိုးမဟုတ်တော့သလိုပဲ ခံစားနေရတယ်"

ယဲ့ချင်းရန်က သက်ပြင်းချလိုက်ပေမယ့် တည်ငြိမ်မှုက ရှိမြဲရှိလျက်ဖြစ်နေသည်။ မူလကိုယ်ပိုင်ရှင်ဟာ ယောကျာ်းလေးအဖြစ် နှစ်ပေါင်းများစွာ ဟန်ဆောင်ခဲ့တဲ့အပြင် play boy တစ်ယောက်လည်း ဖြစ်နေသေးသည်။ ထို့အတွက်ကြောင့် ယောကျာ်းတွေကြားထဲက ပုံမှန်စကားပြောဆိုမှုကို သူမ သိနေသည်မှာ သဘာဝကျသည်။

"မင်း ၁၈ နှစ်ဖြစ်သွားပြီဆိုတော့ ယောကျာ်းတစ်ယောက်လည်း ဖြစ်ပြီ။ မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ တစ်ချို့အရာတွေကို သင်ပေးရမှာပေါ့... ယောကျာ်းတွေက မိန်းမနဲ့ မတူဘူး... မင်းကြိုက်တယ်ဆိုရင် လုပ်ချလိုက်.... ဒီည မင်းက ချူယန်ရဲ့ အောက်မှာ နေရမှာလည်း ဖြစ်နိုင်တယ် ပြီးတော့ မင်းက သူ့အပေါ်မှာ နေရတာလည်းဖြစ်နိုင်တာပဲ...."

ဟဲစီကျိုးက စကားပြောရင်း လူသတ်ချင်တဲ့ အငွေ့အသက်ကို ရုတ်ချည်း ခံစားလိုက်ရ၏။ အေးစက်ကာ လေးလံနေသည်။ ဟဲစီကျိုး မသိစိတ်ကြောင့် ချူယန်ဘက်ကို လှည့်ကြည့်လိုက်တော့ ချူယန်ရဲ့ မျက်ဝန်းနက်တွေက သူ့ကို စူးရဲစွာစိုက်ကြည့်နေတာကို မြင်လိုက်ရသည်။ သေမင်းတစ်ယောက်ရဲ့ သတ်ဖြတ်တော့မည့်အကြည့်တွေနှင့် တူသည်။

ချူယန်နှင့် ရင်းနှီးတဲ့သူတွေဆို ချူယန် တကယ်ကို စိတ်ဆိုးနေသည့် အဓိပ္ပါယ်ဆိုတာကို သိနိုင်သည်။ သူ ထိတ်လန့်သွားသည်။ သူ ဘာမှလည်း မပြောရသေးဘူးလေ အဲဒါကို ဘာလို့ ချူယန်က ဒေါသအရမ်းထွက်နေရတာလဲလို့။ သူက တစ်ဖက်ကို ရွှေ့လိုက်ပြီး ပြောလိုက်သည်။

"အာ... ငါက မင်းတို့ရဲ့ ဟိုကိစ္စတွေကို စိတ်ပူရုံကို"

ချူယန်က သူ့ကိုလျစ်လျူရှုပြီး ယဲ့ချင်းရန်ကို ကြည့်လိုက်သည်။ "မင်း ပျော်ရတာကို သဘောမကျဘူးလား? မင်းသူငယ်ချင်း မော့နိုင်ကို ညစာတူတူစားဖို့ ဘာလို့မခေါ်လဲ?"

ဟဲစီကျိုးအမူအရာက ပြင်းပြင်းထန်ထန်ကို ပြောင်းသွားသည်။ ချက်ချင်းကို ထအော်တော့သည်။ "မခေါ်နဲ့ လုံးဝမခေါ်နဲ့"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now