Chapter 24: She Was Going To Accept The Challenge

9.7K 1.3K 23
                                    

လျှို့လန်းဝေက ခန်းမတစ်လျှောက် ပတ်လျှောက်ရင်း တစ်ခွက်သောက်ပြီးနောက် ယဲ့ချင်းရန်ဆီပြန်လျှောက်လာသည်။ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ယဲ့ချင်းရန်နဲ့ စကားပြောနေလိုက်သည်။ အကြောင်းရင်းတစ်ချို့ကြောင့် အရင်နဲ့မတူတော့သည့် ယဲ့ချင်းရန်ကို ပိုသဘောကျလာသည်။  ယဲ့ချင်းရန်သည် လျှို့လန်းဝေအပေါ်တွင် အမြင်ကောင်းရှိသည်။ လျှို့လန်းဝေက သောက်စား ပျော်ပါး လောင်းကစားလုပ်တတ်သည့် Playboy ဖြစ်သော်ငြားလည်း သူ့စာလေ့လာမှုကို ထိခိုက်ခြင်းမရှိခဲ့ပေ။ ထိုကဲ့သို့နေသော်လည်း သူက လူဆိုးမဟုတ်ပေ။ အလှူအတန်းရက်ရောသည့်သူလည်း ဖြစ်သည်။

သူတို့နှစ်ယောက်စကားပြောနေတုန်းမှာပဲ သူတို့ဘေးကနေ အေးစက်စက်အသံကို ကြားလိုက်ရသည်။ "ယဲ့ချင်းရန်.. မင်းသူများနဲ့ လောင်းရတာ အရမ်းကြိုက်တယ်ဆိုတော့ ငါနဲ့ အလောင်းအစားလုပ်ရဲလား"

ယဲ့ချင်းရန် လှည့်ကြည့်လိုက်တော့ လူသတ်ငွေ့တွေနဲ့ ပြည့်နေသည့် တုန်ဖန်းယွီကို မြင်လိုက်ရသည်။ မုချင်းရွဲက သူ့ဘေးတွေရပ်နေပြီး ဒေါသထွက်နေသည့်ပုံဖြစ်နေသည်။

လျှိုလန်းဝေက ပြုံးလိုက်သည်။ "တုန်ဖန်းယွီ မင်းဘာလုပ်တာလဲ ဘာလို့ရုတ်တရက်ကြီး ယဲ့ချင်းရန်နဲ့ လောင်းကစားလုပ်ချင်ရတာလဲ"

တုန်ဖန်းယွီက လျှို့လန်းဝေကို ပြန်မဖြေဘဲ ယဲ့ချင်းရန်ကိုသာ ရန်စသည့်အကြည့်နဲ့ ကြည့်နေသည်။ "ဘာလဲ မလုပ်ရဲဘူးလား"

ယဲ့ချင်းရန် "..."

နောက်ထပ်ရန်စမှုတစ်ခု?
အရင်က တုန်ဖန်းယွီက ငါ့ကို စကားမပြောချင်ဘူးလားလို့လေ ဘာလို့အခုရုတ်တရက်ကြီး ရန်လာစရတာတုန်း ပြီးတော့ သေတဲ့အထိ တိုက်ခိုက်တော့မယ့်ပုံနဲ့...

အခုပုံစံက တုန်ဖန်းယွီရဲ့ ပုံစံနဲ့ မလိုက်ဖက်ပေ... သူမမသိသေးသည့် တစ်ခုခုဖြစ်ခဲ့ပုံပင် ကြည့်ရတာ မုချင်းရွဲနဲ့ ပတ်သက်တာနေမယ်... တုန်ဖန်းယွီက မုချင်းရွဲနဲ့ပတ်သက်လာရင် အခုလိုပုံစံဖြစ်တတ်သည်။

ယဲ့ချင်းရန်က သူမနှုတ်ခမ်းတွေကို ကွေးညွတ်လိုက်ပြီး ခပ်ငေါ့ငေါ့ပြောလိုက်သည်။ "မင်းက ငါနဲ့လောင်းကြေးထပ်ချင်တာလား ဆောရီးနော် မင်းမတတ်နိုင်မှာ ငါစိုးတယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now