Chapter 175: Suddenly Became A Father

6.5K 1K 14
                                    

UNICODE

ယဲ့ချင်းရန်က "Aha" ဆိုသည့် အသံသာထွက်သွားသည်။ ဒါက တကယ့်ကို အံ့ဩစရာပဲ... သူမ မနေနိုင်တော့ဘဲ အော်ရယ်မိတော့သည်။

စာအုပ်ထဲဝင်လာပြီးချိန် ပထမဆုံးအနေနဲ့ သူမက မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ကြုံရတယ်။ အခု သူမက မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်ပါတယ်ဆိုပြီး လာပြန်ပြီ။

ယောကျာ်းယောင်ဆောင်ထားတဲ့ သူမက ယောကျာ်းတစ်ယောက်ပဲ လုပ်နိုင်တဲ့အရာကြီးကို တကယ်ကြီးလုပ်ခဲ့တယ်တဲ့။

ဒီလိုရယ်စရာမျိုးကို မရယ်ဘဲ နေနိုင်မလား?

အရမ်းကို ရယ်လွန်းလို့ မျက်ရည်တွေပါကျလာသည်။ ဗိုက်ထဲကပါ ကြွက်တက်မလိုဖြစ်လာသည်။ သူမက အနည်းငယ်ကွေးလိုက်ပြီး သူမဘေးရှိ နံရံကို ခပ်ဖွဖွထိုးနေသည်။

အိမ်အကူအန်တီက သူမကို ဘေးကနေ ထူးဆန်းစွာကြည့်နေသည်။ အရမ်းကို အရေးကြီးတဲ့ကိစ္စလေ။ ဘယ်လိုလုပ်ပြီး ဒီကလေးက အရမ်းကို ပျော်နေတဲ့ပုံနဲ့ ရယ်နေရတာလဲ? အဖေဖြစ်မှာမို့လို့ ပျော်နေတာလား? ဒါပေမယ့် ဒီကလေးက ၁၈ပဲရှိသေးတာလေ။

သူမက ဘေးမှာ ရပ်ရင်း ယဲ့ချင်းရန်ကို အဖြေရှာရခက်သည့် ဟန်ပန်ဖြင့် ကြည့်လိုက်သည်။ "အဲ့ကလေးက သခင်လေးရဲ့ ကလေးများလား?"

ယဲ့ချင်းရန်က ပုခုံးတွန့်ပြလိုက်ကာ ရယ်နေတာကို ပြန်ထိန်းလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ"

အိမ်အကူအန်တီက ပိုပြီး ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။ "သခင်လေး ကလေးမဟုတ်ဘူးဆို ဘာလို့ ရယ်နေရတာလဲ?"

သူမ၏ ထိတ်လန့်တကြား စိုးရိမ်နေသည့် အမူအရာကို မြင်ချိန်မှာတော့ ယဲ့ချင်းရန်က သူမအိတ်ထဲမှ တစ်ရှူးတစ်ရွက်ထုတ်ကာ အိမ်အကူအန်တီကို ချွေးသုတ်ဖို့ ကမ်းပေးလိုက်သည်။ "ကျွန်တော့် ကလေးမဟုတ်လို့ ကျွန်တော် ရယ်တာပေါ့။ ကျွန်တော့်ဟာသာဆို ဘယ်ရယ်နိုင်ပါ့မလဲ?"

အိမ်အကူအန်တီက ကျေးဇူးတင်ပြီး ယဲ့ချင်းရန်ဆီကနေ တစ်ရှူးယူလိုက်သည်။ ပြီးနောက် သူမက ပြောလာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now