Chapter 181: The Love From An Old Father (1)

8K 1.2K 69
                                    

UNICODE

အိမ်နီးချင်းကနေ ရပ်ကွက်အထိ ပြီးနောက် ကျောင်းအထိကို ယဲ့ချင်းရန်ဟာ မိန်းကလေးဖြစ်သည့် သတင်းဟာ တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွား၏။

ကျောင်းဖိုရမ်တွင် တစ်စုံတစ်ယောက်က သတင်းတင်လာသည်။ [နာမည်ကြီးအလကားကောင်ယဲ့က မြက်ခင်းစိမ်းမဟုတ်ဘဲ ပန်းတစ်ပွင့်ဖြစ်နေတယ်။ မင်းတို့ယုံကြလား? မင်းတို့ယုံကြလား? မင်းတို့ယုံကြလားလို့? အရေးကြီးတဲ့ အရာက သုံးကြိမ်တိုင်တိုင်ပြန်ပြောရတယ်]

{ပြောကြတာကတော့ သူမမွေးချိန်မှာ ယဲ့မိသားစုက သူမရဲ့ ကံကြမ္မာကို ဖတ်တဲ့အခါ သူမကို ယောကျာ်းလေးတစ်ယောက်လို ပျိုးထောင်ရမယ်တဲ့ မဟုတ်ရင် သူမက အရွယ်မတိုင် သေသွားမယ်တဲ့}

{ငါကြားတာတော့ ငါတို့ကျောင်းက ကောင်မလေးတစ်ယောက် ကိုယ်ဝန်ရသွားတာကို ယဲ့ချင်းရန်အပေါ် ပုံချချင်တာတဲ့။ အဲဒါကြောင့် ယဲ့မိသားစုက ယဲ့ချင်းရန်ရဲ့ လိင်အစစ်အမှန်ကို ဖော်ထုတ်လိုက်ရတာတဲ့}

{အလကားကောင်ယဲ့က မိန်းကလေးဆိုတာ ငါတကယ် ထိတ်လန့်သွားတာ။ ငါ့ကိုနောက်နေတာလို့ ငါထင်သွားတာ။ ဒါပေမယ့် အခု ငါ ပိုသိချင်နေတာက ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးက ဘယ်သူလဲ?}

{လာကြနော် လာကြ အတွင်းသတင်းအတွက် မြန်မြန်လေးလာကြ}

{အဲ့ကောင်မလေးက ဘယ်သူလဲဆိုတာ ငါလည်း သိချင်တယ်။ သူမမျိုးရိုးနာမည်က နင်းဆိုတာပဲ ငါသိရတယ် ဒါပေမယ့် ကျောင်းမှာ အဲ့မျိုးရိုးနဲ့လူတွေကများတော့ ဘယ်သူလဲဆိုတာ ခန့်မှန်းရခက်တယ်}

{ဟေး အဲ့အလကားကောင်ယဲ့ရဲ့ ကောင်မလေးတွေရော သူမက မိန်းကလေးဆိုတာ သူတို့ သိကြမယ်လို့ နင်တို့တွေ ထင်ကြလား? ဟားဟားဟားဟား}

{သူတို့သိမယ်ဆိုတာ ငါသေချာတယ် မဟုတ်ရင် သူတို့က သူငယ်ချင်းတွေလို ဘယ်လိုလုပ် တူတူသွားလာကြမလဲ။ ငါတို့ အပြင်လူတွေကပဲ ဘာမှ မသိကြတာ။ ငါတို့က မောင်းမဆောင်ပုံပြင်တွေကို ကြည့်တာမျိုးပဲ လုပ်နေကြတာကိုး}

{အချိန်ဆွဲမနေကြနဲ့ကွ။ အတွင်းသတင်းသမားတွေ ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ ငါတို့ကို မြန်မြန်ပြောပြ}

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now