Chapter 31: Her Three Conditions

10.2K 1.3K 39
                                    

စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားသည်။ ချူယန်က သူမပြောတာကို ဒီလိုပြန်ဖြေလိမ့်မယ်လို့ မထင်ထားပေ..... ရုပ်တည်ကြီးနဲ့ ပြန်စတာကြီးက နည်းနည်းလေး တဲ့တိုးကြီးမဆန်ဘူးလား... အဲဒါက သူမကို ရယ်ရခက် ငိုရခက်ဖြစ်စေသည်။ ယဲ့ချင်းရန်က သူမမျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ "အစ်ကိုက တဲ့တိုးကြီးပြောမှတော့ ကျွန်တော်လည်း ကွေ့ဝိုက်မနေတော့ဘူး... ကျွန်တော့်ဦးနှောက်ကို ကြိုက်တာနဲ့ယှဉ်ရင် ကျွန်တော့်ခန္ဓာကိုယ်ကို ပိုကြိုက်ဖို့ မျှော်လင့်တယ်"

"စိတ်မဝင်စားဘူး"

ချူယန်ရဲ့ လေသံက တုံ့ဆိုင်းခြင်းမရှိသလို ပြောင်းလဲခြင်းလည်းမရှိပေ။

ဒီယဲ့ချင်းရန်က စကားတတ်သလို သူ့ကို စနောက်ရတာလည်း သဘောကျတတ်သည်။ ကလေးတစ်ယောက်နဲ့ ပြိုင်ပြီး တွက်ချက်နေဖို့ မလိုပေ။

ယဲ့ချင်းရန်က သူဘာတွေးနေလဲမသိပေ... သူမခေါင်းကို စောင်းကာ မေးလိုက်သည်။ "ဒါပေမယ့် ကျွန်တော်ကြားဖူးတာက အင်အားသုံးပြီးယူတာက ပိုကောင်းတယ်တဲ့"

ချူယန်ခမျာ ပြောစရာစကား ဆွံ့အသွားသည်။
"ပြောလို့ပြီးပြီလား"

ယဲ့ချင်းရန်က ရယ်လိုက်ကာ "ဟုတ်ပါပြီ စီးပွားရေးကိစ္စဆက်ပြောကြတာပေါ့... ကျွန်တော်ပြောတဲ့ အချက် ၃ချက်ကို အစ်ကို သဘောတူတယ်လို့ ပြောထားတယ်ဟုတ်"

"ဟုတ်တယ်"

"ဒါဆို ကျွန်တော် ပထမအချက်ကို အရင်ပြောမယ်... ကျွန်တော်အိမ်က နှင်ချခံရတာ အစ်ကိုလည်း သိတာပဲ အဲဒါကြောင့် အစ်ကို့အိမ်မှာခဏနေနေရတာလေ... ပထမတော့ ကျွန်တော့် အမေပြန်လာရင် ကျွန်တော်ပြောင်းဖို့ စီစဉ်ထားတာ ဒါပေမယ့် အမေက ပျောက်နေတယ်.... အဖေက အမေနဲ့ ဆက်သွယ်ဖို့ကို တားထားတယ်... အဲဒါကြောင့် နေစရာ ရှာမတွေ့ခင်အထိ အစ်ကို့အိမ်မှာ ကျွန်တော်နေချင်တယ်"

ချူယန်က ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် "ငါ မင်းနေဖို့ နေရာ စီစဉ်ပေးမယ်"

ယဲ့ချင်းရန် နားလည်သည်။ သူ့ညီမကို သူမတစ်ခုခုလုပ်မှာကြောက်လို့ သူမအတွက် နေစရာစီစဉ်ပေးတာဖြစ်သည်။ ဒါက ပိုတောင်ကောင်းသေးသည်။ သူမတစ်ယောက်ထဲ နေရတာကို ပိုသဘောကျသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now