Chapter 9: Her Perfect Counterattack (2)

11K 1.5K 28
                                    

UNICODE

နောက်ဆုံးအနေနဲ့ကြိုးစားသကဲ့သို့ စီဂျင်း အော်လိုက်သည်။ "မဟုတ်ဘူး အဲ့လို မဟုတ်ဘူး... ဒီ Video က တစ်ခုခုမှားနေတာပဲ... တစ်ယောက်ယောက်က Edit ထားတာနေမှာ...တန်ရှင်းယွမ်အကုန်မြင်ထားတယ်... တန်ရှင်းယွမ်လာတဲ့အခါကျမေးလို့ရတယ်... သူတစ်ခုခုတော့ သေချာပေါက် သက်သေပြပေးမှာပဲ"

အတန်းပိုင်ဆရာရဲ့ မျက်နှာကတော့ မည်းမှောင်နေပြီဖြစ်သည်။ စီဂျင်းကို ကြည့်လိုက်ပြီးနောက် တန်ရှင်းယွမ်ရောက်ပြီလားဆိုတဲ့အကြောင်းကို တန်ရှင်းယွမ်အတန်းပိုင်ဆရာကို မေးလိုက်သည်။

တန်ရှင်းယွမ်ရဲ့ အတန်းပိုင်ဆရာလည်း အခန်းအပြင် ချက်ချင်းထွက်ပြီး ဖုန်းသွားခေါ်တော့သည်။ သိပ်မကြာခင်မှာပဲ ဆရာက မတင်မကျဖြစ်တဲ့ အမူအရာမျိုးနဲ့ ပြန်ဝင်လာပြီး အကုန်လုံးကို ပြောလိုက်သည်။ "ကျွန်တော်တောင်းပန်ပါတယ် တန်ရှင်းယွမ်က မလာနိုင်တော့ဘူး...အဲဒါအပြင် သူ့မိသားစုက ပြောလာတာက... တန်ရှင်းယွမ်က ကျောင်းပြောင်းတော့မှာတဲ့ အဲဒါကြောင့် ကျောင်းကို ထပ်မလာတော့ဘူးတဲ့"

ရှိနေတဲ့ ကျောင်းသားကျောင်းသူတွေအကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အံ့ဩကုန်သည်။ သူတို့အကုန်လုံးက အခင်းဖြစ်ပွါးချိန်မှာ တန်ရှင်းယွမ်ရှိနေလို့ ယဲ့ချင်းရန်က စီဂျင်းကို အဓမ္မကျင့်တယ်ဆိုတာကို ယုံခဲ့တာလေ... နောက်ပြီး အဲ့အချိန်တုန်းက သူ့ဒေါသက ဟန်ဆောင်နေတဲ့ပုံမပေါ်နေဘူး။

အဲ့အချိန်မှာပဲ ယဲ့ချင်းရန်က သူမဖုန်းကို ထုတ်လိုက်သည်။ သူမရိုက်ကူးထားသည့် တန်ရှင်းယွမ်ရဲ့ Video ကို အကုန်လုံးမြင်အောင် ပြလိုက်သည်။

"အဲ့ညက ငါတို့ကသာ မင်းကို အကွက်ဆင်ခဲ့တာပါ... ငါတို့ကသာ မင်းကို အကွက်ဆင်ခဲ့တဲ့သူတွေပါ... မင်းဘာမှ မလုပ်ခဲ့ဘူး...အဲ့နေ့က မင်းအဖျားက ၄၀ဒီဂရီလောက်ရှိနေတာ မင်း ဘာမှမလုပ်နိုင်ခဲ့ဘူး"

"ဘာလို့ ငါ့ကို အကွက်ဆင်ခဲ့တာလဲ"

"ငါတို့ မင်းကို သဘောမကျလို့"
..

စည်းကမ်းထိန်းသိမ်းရေးမှူးက စိတ်တိုတိုနဲ့ သူ့ခြေထောက်ကို စောင့်လိုက်သည်။ "ကောင်လေး မင်းမှာ အဲ့ Video ရှိရင် ဘာလို့ ခုနထဲက မင်းရဲ့ ဖြူစင်မှုကို သက်သေမပြခဲ့တာလဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now