Chapter 83: She Was Being Targeted Again

8.5K 1.2K 101
                                    

UNICODE

ယဲ့ဟန်ကျီက ရုတ်တရက်ပြောလာသည်။ "အဖေ စာလေ့လာတယ်ဆိုတာကလည်း ပတ်ဝန်းကျင်အနေအထားပေါ်မူတည်တယ်"

ယဲ့ကျွင်းက ပဟေဠိဖြစ်သွားသည်။ "အဲ့လိုလား"

စုန့်ယဲ့ကလည်း ခေါင်းငြိမ့်လာသည်။ "အမှန်ပဲ ကျွန်တော်မှာလည်း အဲ့လို အတန်းဖော်ရှိဖူးတယ်... သူ အိမ်မှာ စာလေ့လာတော့ ဘာမှလေ့လာလို့မရဘူး... ဘယ်လိုပဲလုပ်လုပ် မမှတ်မိဘူး...ဒါပေမယ့် သူကျောင်းသွားပြီး သူများတွေနဲ့စာလုပ်တော့ မြင်သမျှ မှတ်မိသွားရော"

ယဲ့ချန်းဖုန်းကလည်း ဝင်ပြောလာသည်။ "ရှေးခေတ်တုန်းက အမေမုန့်က သူ့သား စာလုပ်ပြီး အောင်မြင်လာဖို့ ပတ်တန်းကျင်ကောင်းကောင်းရွေးဖို့ကို သုံးကြိမ်တောင်ပြောင်းရတယ်...အဲဒါက လေ့လာတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်အရေးကြီးလဲပြတာပဲ"

ယဲ့ကျွင်းက ထိုသုံးယောက်ကို ပဟေဠိဖြစ်နေဟန်ဖြင့် ကြည့်လိုက်သည်။ သူ့ရဲ့ လေးယောက်မြောက်သားအတွက် ဒီကောင်လေးသုံးယောက်က ပြောလာပေးတယ်ဆိုတာ ရှားပါးလွန်းလှသည်။ ဒီကာလအတွင်းထဲမှာ သူ့ရဲ့လေးယောက်မြောက်သားက တကယ်ကို သိတတ်လာတာဖြစ်နိုင်သည်။ သူသာ ပြန်လာဖို့ဖိအားပေးလိုက်ရင် သူ့အရင်ပုံစံပြန်ရောက်သွားရင် အရှုံးဘက်ကို ပြောင်းသွားလိမ့်မည်။

နောက်ဆုံးတော့ ယဲ့ကျွင်းက ယဲ့ချင်းရန်ကို ပြန်လာဖို့ မပြောတော့ပေ။ လင်ရှုအာက ပိုပြီးတော့ အံ့အားသင့်သွားသလို အနည်းငယ်လည်း ပျာယာခတ်သွားသည်။

ဒီသုံးယောက်က ယဲ့ချင်းရန်အတွက်ပြောပေးလာသည်။ အရင်တုန်းက သူတို့မှာ ဆိုးဝါးတဲ့ဆက်ဆံရေးရှိခဲ့တယ်မဟုတ်ဘူးလား?

ချင်းရန်က ဒုတိယအစ်ကိုကို ကူညီပေးထားလို့ဆိုတော့ ထားလိုက်တော့ ဒါပေမယ့် အကြီးဆုံးနဲ့ တတိယမြောက်ကိုလည်း မကူညီပေးထားဘဲ ဘာလို့သူတို့ ချင်းရန်အတွက် ပြောပေးလာတာလဲ?

သူမက ယဲ့ချင်းရန်ကို ပြန်လာစေချင်သည်။ ပထမအချက်ကတော့ ယဲ့ချင်းရန်ဘယ်လိုနေတာလဲဆိုတာ သူမမြင်ချင်လို့ ဒုတိယက ယဲ့ချင်းရန်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး စကားပြောချင်လို့ အခွင့်အရေးရှာချင်လို့ဖြစ်သည်။ ဘာလို့ သူမရဲ့အစ်ကို သုံးယောက်က သူမကို ကူညီချင်တာလဲဆိုတာ မေးချင်သည်။ သူတို့က အကောက်ကြံပြီး ပြန်မလာစေချင်တာများလား?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now