Chapter 63: She Received a Money Packet from Him

8.7K 1.3K 63
                                    

UNICODE
သူ့ရှေ့တွင် ထိုင်နေသည့် ချူယန်ကို ကြည့်ပြီး ဟဲစီကျိုး အံ့အားသင့်နေသည်။ ဒီနေ့အစည်းအဝေးမှာ စိတ်လွင့်ပျံ့နေသည့် ချူယန်ကို မြင်ရသည်မှာ တတိယအကြိမ်ဖြစ်သည်။

မယုံနိုင်စရာပဲ!

အလုပ်ရူး ပိုက်ဆံရှာသည့်စက်က အစည်းအဝေးမှာ တကယ်ကြီး စိတ်လွင့်နေတယ်ပေါ့လေ။ တစ်ခုခုတော့မှားနေပြီ။

အစည်းအဝေးပြီးတော့ ချူယန်ဆီကို တိတ်တိတ်လေးလျှောက်သွားသည်။

"မင်း ဒီနေ့ ဘာဖြစ်နေတာလဲ"

"ဘာကိုလဲ"

"တစ်ချိန်လုံး စိတ်လွင့်နေတာလေ... လူတွေက မင်း အချစ်မှာ ကျဆုံးနေပြီလို့တောင် ထင်ကုန်ကြမှာ" ဟဲစီကျိုးက မျက်ခုံးပင့်လိုက်ရင်း အရမ်းကို စပ်စုချင်သည့်စိတ်ဖြင့် ကြည့်လာသည်။

"မင်းတစ်ယောက်ယောက်ကိုစိတ်ဝင်စားနေပြီလား? မိန်းမလား? ယောကျာ်းလား? ငါရော အဲ့လူကို သိလား?"

ချူယန် ပြန်မဖြေပေ။ ခုံပေါ် မှီထိုင်လိုက်ပြီး သူ့ကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေသည်။ သူ့အကြည့်မှာ ပူပင်ကြောင့်ကျမှုမရှိတဲ့ပုံဖြစ်သော်လည်း ဟဲစီကျိုးကို ကြက်သီးထသွားစေသည်။

အကြောင်းတစ်ချို့ကြောင့် နည်းနည်းလေးတောင်ကြောက်သလိုဖြစ်သွားသည်။

လက်မြှောက်အရှုံးပေးလိုက်သည်။ "အိုကေ ငါထပ်မမေးတော့ဘူး တခြားဟာပဲပြောရအောင်...နဂါးနန်းတော်အတွက်လုပ်နေတဲ့ အစီအစဉ်တွေက ချောချောမွေ့မွေ့ပဲ... မနက်ဖြန်လောက်ဆို အကုန်ပြီးလောက်ပြီ... ယဲ့ချင်းရန်ရဲ့ WeChat Account ပေးဦး ငါ သူ့ကို add မလို့"

ချူယန် မျက်မှောင်ကြုတ်သွားကာ "ဘာလုပ်ဖို့လဲ"

"အခု ငါတို့က သူငယ်ချင်းတွေဖြစ်နေပြီလေ အဲဒါကြောင့် ငါ့ WeChat မှာ add ချင်လို့" ဟဲစီကျိုး ပြုံးလိုက်၏။"အဲ့ကလေးက အရမ်းကို ထူးချွန်တာ သူကြီးလာတဲ့အခါ အရေးပါတဲ့လူသေချာပေါက်ဖြစ်လာမှာ... အနာဂတ်မှာသူနဲ့အလုပ်တွဲလုပ်ရရင်လည်း လုပ်ရမှာပေါ့... လုပ်စမ်းပါကွာ... သူ့ WeChat Account ပို့ပေးစမ်းပါ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationDär berättelser lever. Upptäck nu