Chapter 106: Her Counter-Attack

7.7K 1.1K 37
                                    

UNICODE

လင်းရှုအာရဲ့ မျက်လုံးက ပြူးကျယ်နေပြီဖြစ်သည်။

"..."

ယဲ့ချင်းရန် သူမကို ပြောတုန်းက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ခဲ့သည်။ သူမရဲ့စိတ်ထဲတွင် ယဲ့ချင်းရန် မှားနေပါစေလို့ မျှော်လင့်နေခဲ့တာဖြစ်သည်။ အရာအားလုံးက အမှန်တရားဖြစ်နေမယ်လို့ သူမ မထင်ထားခဲ့ပေ။ အကုန်လုံးက ယဲ့ချင်းရန်ရဲ့ ခန့်မှန်းချက်အတိုင်းဖြစ်လာသည်။ အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဆိုတော့ ဒီ ဒီနာက တကယ်ကြီး လူလိမ်မပေါ့။ အရင်က သူမ သတင်းတွေမှာ မြင်ဖူးသည်။

ချမ်းသာသည့် ဒုတိယမျိုးဆက်မိသားစု နာမည်ကို သုံးသည့် လူလိမ်တစ်ယောက်ရှိသည်။ ဒါပေမယ့် သူမ မိသားစုအကြောင်းကိုတော့ ဘယ်တော့မှ မပြောပြပေ။ ဤအရာကပဲ သူမဟာ ချမ်းသာသည့်မိသားစုရဲ့ မျိုးဆက်လို့ လူတွေကို ထင်သွားအောင် လုပ်တာဖြစ်သည်။ ပြီးနောက် သူမက ချမ်းသာသည့် မြို့ခံသူဌေးတွေဆီကနေ ယွမ်၈ဘီလီယံအကျော်လိမ်သွား၏။

အဲ့ဒီတုန်းကတော့ သူမ အများကြီးမတွေးခဲ့ဘူးဖြစ်သည်။ နည်းနည်းလေးချဲ့ကားတယ်လို့ ခံစားခဲ့ရပြီး အဲ့ဒီသူဌေးတွေက ဘယ်လောက်တောင် တုံးရတာလဲလို့ သူမ စဉ်းစားခဲ့မိသည်။ သူမမှာ ဖြစ်တော့မှာသာ ချဲ့ကားတာမဟုတ်တော့မှန်း သူမ သိရတော့သည်။

လူတွေရဲ့ လောဘကို အခွင့်ကောင်းယူပြီး သေချာကြံစည်ထားသည့် လှည့်ဖျားမှုသာဆိုရင် သူတို့က ချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ ထောင်ချောက်ထဲသို့ အလွယ်တကူ ကျသွားနိုင်သည်။

ယဲ့ချင်းရန်က ထပ်မေးလာသည်။ "အခွံလွတ်ကော်ပရေးရှင်းကို မှတ်ပုံတင်ထားပြီးတဲ့အပြင်ကို ဖောင်ဒေးရှင်းမှာ ဘာပြဿနာတွေရှိသေးလဲ?"

"မရှိပါဘူး"

ဒီနာက တိုက်ရိုက်ငြင်းလိုက်သည်။ သို့သော်လည်း သူမစကားမဆုံးခင်မှာပဲ ယဲ့ချင်းရန် ကြားဖြတ်ပြောလိုက်သည်။ ယဲ့ချင်းရန်က သူမမျက်ဝန်းတွေကို အန္တရာယ်ရှိသည့်ပုံမှေးကျဉ်းလိုက်ပြီး သတိပေးလိုက်သည်။

"ခင်ဗျားမပြောတာနဲ့ပဲ ကျွန်တော်က မသိတော့ဘူးလို့ ထင်နေတာလား?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now