Chapter 173: Don't Treat You as My Biological Brother

6.6K 995 3
                                    

UNICODE

ရှန်းချင်းထျန်းဖြစ်စေ ကျန့်မုန့်ဖြစ်စေ သူတို့တွေက မောက်မာပြီး အကြင်နာမဲ့ကြသည်။

လူအများကြီးအရှေ့မှာ ယဲ့ချင်းရန်ရဲ့ အရှက်ခွဲမှုအပြီး သူတို့ရဲ့ ဒေါသကို ဘယ်လိုလုပ်ပြီး မျိုချနိုင်မှာလဲ။

သို့ပေမယ့် စုကဲဖေးအရှေ့မှာတော့ သူတို့က မျက်နှာသာပေးခဲ့ရသည်။ စုကဲဖေးမရှိချိန်မှာတော့ သူတို့လုပ်ချင်တာ လုပ်နိုင်သည်။

ဒီကလေးက ထွက်ပြေးပြီး ပုန်းနေပေမယ့် ဒီညမှာတော့ ဒီအပန်းဖြေစခန်းမှာပဲ သေချာပေါက်ရှိလိမ့်မည်။

ထို့အတွက်ကြောင့် သူတို့က လူလွှတ်ပြီး ယဲ့ချင်းရန် ဘယ်မှာနေလဲဆိုတာ စုံစမ်းကြတော့သည်။

"အဲ့ခြံဝန်းက ဟဲမိသားစုက ဘိုကင်လုပ်ထားတာ။ ဒီနေ့ကို သူတို့က ပွဲကို လာရမှာ ဒါပေမယ့် ကိစ္စတစ်ခုကြောင့် မလာဖြစ်ဘူး။ ဒါပေမယ့် အဲ့ဘိုကင်တင်ထားတဲ့ ခြံဝန်းကိုလည်း မပယ်ဖျက်ထားဘူး"

သူတို့စုံစမ်းဖို့ လွှတ်ထားသည့် လူဆီက အစီရင်ခံမှုကို ကျန့်မုန့်ကြားတော့ သူ မျက်မှောင်ကြုတ်သွားသည်။ "ဆိုတော့ အဲ့ကလေးက ဟဲမိသားစုနဲ့ ပတ်သက်နေတယ်ပေါ့။ ဒီကလေးက ကျင်းမြို့လို မြို့သေးသေးက မဟုတ်ဘူးလား?"

ဤအရာက ကျန့်မုန့်ကို ပဟေဠိဖြစ်သွားစေ၏။

သခင်လေးဟွမ်ကတော့ စကားတစ်ခွန်းတောင်မဆိုဘဲ ဘေးတွင်သာ ရပ်နေသည်။ နောင်တတွေဖြင့် ပြည့်နှက်နေ၏။ ဒီလိုသာဖြစ်လာမယ်လို့ သူသိခဲ့ရင် သေချာပေါက် သူ့ကို ဆန့်ကျင်တာမျိုး လုပ်ခဲ့မည်မဟုတ်ပေ။

ကောင်းရော။ ဒီဘေးက လူတွေကြောင့် အကူအညီမရတဲ့အပြင်ကို လူတစ်ချို့ကိုပါ အပြစ်ပြုမိသွားပြီ။

စုမိသားစုနှင့်တောင် လုံလောက်နေပြီကို အခု ဟဲမိသားစုပါ ပါလာပြီ။ သူတော့ ရူးတော့မည်ထင်သည်။

ရှန်းချင်းထျန်းရဲ့ မျက်ဝန်းထဲမှာ အမုန်းတရားတွေဖြင့် ပြည့်နေသည်။

ဤအကောင်စုတ်က ချူယန်နှင့် ဟဲစီကျိုးတို့နဲ့ ဆက်နွယ်နေရုံတင်မကဘူး သူတို့ဆက်ဆံရေးကလည်း ကောင်းတဲ့ပုံပဲ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now