Chapter 147: She Wants to Go Find A Man

7.3K 1.1K 55
                                    

UNICODE

မုချင်းရွဲက လုံကျွင်းယောင်ကို ကြည့်ရင်း သူမနှုတ်ခမ်းက အနည်းငယ်တုန်ယီနေသည်။ "ကျွန်မ..."

လုံကျွင်းယောင်၏ အသံက ရေခဲတမျှ အေးစက်နေသည်။ "အတိတ်မှာ မင်း ဘယ်သူနဲ့ပဲရှိရှိ ငါဂရုမစိုက်ဘူး ဒါပေမယ့် ငါတို့ အတူရှိနေချိန်အတွင်းမှာ တခြားယောကျာ်းတွေနဲ့ မင်းပြတ်ရမယ်လို့ ငါ မပြောခဲ့ဘူးလား"

"တုန်ဖန်းယွီနဲ့ ကျွန်မနဲ့က အခု သူငယ်ချင်းတွေပဲ"

မုချင်းရွဲက သူမ၏စိုးရိမ်တုန်လှုပ်မှုကို မပြပေ။

သူမက လုံကျွင်းယောင်ရဲ့လက်ကို ဆွဲလိုက်ပြီး သူမ မျက်လုံးက စိုးရိမ်ကြောင့်ကြမှုကြောင့် နီရဲနေကာ သူမပုံက အကူအညီမဲ့ပြီး ဖြူစင်သည့်ဟန်ဖြစ်နေသည်။ "အခု ကျွန်မတို့က ဒီတိုင်းအတန်းဖော်တွေပဲ။ ကျွန်မကို မယုံရင် သူ့ကို Weibo မှာ ပို့စ်တင်ပြီး ရှင်းခိုင်းလိုက်မယ်"

ဒါကို ကြားတော့ လုံကျွင်းယောင်၏ မျက်နှာအမူအရာမှာ အနည်းငယ်နူးညံ့သွားသည်။ သို့သော်လည်း သူ့အကြည့်က အေးစက်ထက်ရှနေတုန်းပင်။

"ဒါဆို ဒီ Video ကဘာလဲ?"

မုချင်းရွဲက အဆက်အစပ်မရှိ ပြောရင်း မျက်ရည်တွေက တောက်လျှောက်ကျနေသည်။ "ကျွန်မလည်း မသိတော့ဘူး။ ဘာတွေဖြစ်နေတာလဲ? Video ထဲကသူက ကျွန်မမဟုတ်ဘူး။ ယောကျာ်းကလည်း တုန်ဖန်းယွီပုံမဟုတ်ဘူး"

ဒါတွေက အရင်က ဖြစ်ခဲ့တာလို့ သူမ တကယ်ပြောချင်ပေမယ့် Video ထဲက ရက်စွဲက ပြောင်းနေသည်။

ကံကောင်းစွာနှင့် Video ထဲက မီးရောင်က အနည်းငယ်မှိန်နေသည်။

လုံကျွင်းယောင်က သူမ မေးစေ့ကို တင်းတင်းကြပ်ကြပ်ဖျစ်ညှစ်လိုက်သည်။ "မင်း မဟုတ်ဘူးပေါ့?"

"ယဲ့ချင်းရန်က ပိုက်ဆံသုံးပြီး ကျွန်မနဲ့တူတဲ့ မိန်းကလေးရယ် တုန်ဖန်းယွီနဲ့ တူတဲ့ယောကျာ်းရယ်ကို ရှာပြီး Video ရိုက်ထားတာလို့ ကျွန်မထင်တယ်။ မျက်နှာကို ကြည့်ပါလား ကျွန်မနဲ့မှ မတူတာ အသိသာကြီးကို"

မုချင်းရွဲ အသံနှင့် ရှင်းပြမှုက ဖျော့တော့နေသည်။ သူမ ကြောက်သည်။ သူမပေးတဲ့ ဆင်ခြေတောင် သူမ မယုံတာ လုံကျွင်းယောင်ရော ယုံပါ့မလား?

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now