Chapter 91: She Almost Tricked Herself

8.3K 1.3K 93
                                    

UNICODE

ရုတ်တရက်ဆိုသလို ချူရုန်ရုန်က တစ်စုံတစ်ခုကို တွေးမိသွားပြီး ကျောင်းလွယ်အိတ်ကိုဖွင့်လိုက်ကာ ဘီစကစ်ဘူးသေးတစ်ဘူးထုတ်လိုက်သည်။ ပြီးနောက် ယဲ့ချင်းရန်ကို ကမ်းပေးလိုက်ပြီး ပြောလာသည်။

"အစ်ကိုရန် ဒါငါ့ဘာသာ လုပ်ထားတာ... ကြိုက်မလားလို့ စားကြည့်ပါလား"

ယဲ့ချင်းရန်က ဘူးကို ဖွင့်လိုက်တော့ အရောင်အစုံ ပုံစံမျိုးစုံနှင့် ဘီစကစ်တွေတွေ့လိုက်သည်။ ကြည့်ရသည်မှာ အရသာရှိပြီး စားချင်စရာလေးတွေဖြစ်သည်။ သူမက တစ်ခုကိုယူပြီး ပါးစပ်ထဲထည့်ကာ အရသာခံကြည့်လိုက်သည်။

ချူရုန်ရုန်က စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးလိုက်သည်။ "အရသာရှိလားဟင်"

ယဲ့ချင်းရန်က ချီးမွမ်းလိုက်သည်။ "အရမ်းအရသာရှိတယ်... ကြွပ်ကြွပ်လေးနဲ့စားကောင်းတယ်...မင်းဘာသာမင်းလုပ်ထားတာ တကယ်ကြီးလား"

ချူရုန်ရုန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် ငါ့ဘာသာ လုပ်ထားတာ"

ယဲ့ချင်းရန်က စိတ်ရင်းဖြင့် ထပ်ပြောလာသည်။ "အပြင်မှာရောင်းတဲ့ဟာတွေထက် ပိုပြီး အရသာရှိတယ်"

ချူရုန်ရုန်က ချက်ချင်းဆိုသလို ပြောလာသည်။ "နင်ကြိုက်တယ်ဆိုရင် နောက်ကျရင် နင့်အတွက် မကြာမကြာ လုပ်ပေးမယ်လေ"

"ကျေးဇူး"

ချူရုန်ရုန်က သူမခုံတွင်ပြန်မှီထိုင်လာပြီး အရှေ့ခန်း ခရီးသည်ခုံမှာ ထိုင်နေသည့် ယဲ့ချင်းရန်ကို ကြည့်လိုက်သည်။ ပြီးနောက် ဆွဲဆောင်သည့်အသံဖြင့် ပြောလာ၏။

"အစ်ကိုရန် ကမ္ဘာပေါ်မှာလေ ငါ့လိုမျိုး လှလှပပဝတ်တတ်ပြီး ဟင်းချက်ကောင်းတဲ့ မိန်းကလေးတွေ အများကြီးမရှိဘူး... တခြားသူတွေ ငါ့ကို မလုသွားနိုင်အောင် ကြိုပြီး ဘိုကင်မယူထားချင်ဘူးလားဟင်?"

ယဲ့ချင်းရန် : "အာ...."

ချူရုန်ရုန်က ဆက်ပြီး သူမကိုယ်သူမကြော်ငြာနေသည်။ "တွန့်ဆုတ်မနေဘဲ ဘိုကင်သာ ယူထားလိုက်.... တစ်ကြိမ်မှာ တစ်ခါပဲရမယ့်အခွင့်အရေးလေ... ငါက လှတယ်၊ ဗဟုသုတနဲ့လည်းပြည့်စုံတယ်... ပြီးတော့ အိမ်ကို ထိန်းသိမ်းရင်း ငါ့ယောကျာ်းနဲ့ကလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိတဲ့ စိတ်ရင်းလည်းကောင်းတဲ့သူလေ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now