Chapter 190: What Did She Do When She Was Drunk

8.1K 1.2K 57
                                    

UNICODE

သူမက နူးညံ့စွာ ပြောလာသည်။ "အစ်ကို ညီမ အစ်ကို့ကိုပြောချင်တာရှိတယ်..."

အခန်းတွင်းရှိ အပူချိန်က မမြင့်ပေမယ့်လည်း သူမတစ်ကိုယ်လုံးက ချူယန်၏ရောင်ဝါဖြင့် လွှမ်းခြုံခံထားရသလိုပင်။ ရေပူစမ်းမှာ စိမ်နေရသည့် ခံစားချက်အတိုင်း ယဲ့ချင်းရန်ခံစားနေရသည်။

သူမမျက်နှာက ပူလောင်လာသည်။ သူမနှလုံးခုန်သံကလည်း မိုးခြိမ်းနေသလိုပင်။

ဆံပင်အနည်းငယ်က ကျနေကာ သူ့ရဲ့မျက်ဝန်းနက်ကို တစ်ဝက် ဖုံးကာနေသည်။ သူမမျက်လုံးကို သူစိုက်ကြည့်နေသည့်ပုံမှာ ဝဲဂယက်ထဲ ကျသွားသလိုပင်။

မူးယစ်ယီဝေနေသည်။

ယဲ့ချင်းရန်စပြီး စိုးရိမ်လာ၏။ သူမရဲ့ အသက်ရှုသံကလည်း စည်းချက်မညီတော့ပေ။ သူမမသိစိတ်ကနေ မျက်လုံးကို မှိတ်လိုက်သည်။

သူမနှုတ်ခမ်းဖျားကို လှိမ့်တက်လာသည့်စကားလုံးတွေကို မပြောရသေးပေ။

သူမက အကြာကြီး စကားမပြောတာကို မြင်တော့ ချူယန်က နူးညံ့စွာ မေးလိုက်သည်။ "ဟင်?"

သူ့အသံက တိုးပြီး နက်ရှိုင်းသည်။ ယခုလို လေထုအခြေအနေမှာ မရှင်းမလင်းဖြစ်နေသည်။

နဂိုမူးနေသည့် ယဲ့ချင်းရန်ကို သူ့အား ငေးကြောင်ပြီး ကြည့်နေသလို ဖြစ်သွားစေသည်။ သူမက မနေနိုင်ဘဲ ပြောတော့သည်။ "ချူယန် ရှင့်မျက်လုံးတွေက တကယ့်ကို ညို့ယူဖမ်းစားနိုင်တာပဲ"

ချူယန်က မေးလိုက်သည်။ "ဘာကို?"

ယဲ့ချင်းရန်အကြည့်က သူ့နှုတ်ခမ်းဆီရောက်သွားသည်။ "ပြီးတော့ ရှင့်နှုတ်ခမ်း ဓားလိုမျိုး လူသတ်နိုင်လားဟင်?"

အနမ်းတစ်ခုက လူတစ်ယောက်ကို အသက်ရှုရခက်စေသည်။

ချူယန်: "ဟ"

ယဲ့ချင်းရန် "အစ်ကို ညီမ..."

ချူယန် "ဘာကိုလဲ?"

ယဲ့ချင်းရန် "ဒီတစ်ကြိမ်မှာတော့ ဒီလိုမပြောသင့်ဘူးလား မင်းလိုချင်တာမှန်သမျှ အဆင်ပြေသွားမယ် ဆိုပြီးတော့လေ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now