Chapter 187: Suddenly Confessed to

8K 1.1K 36
                                    

UNICODE

"အထူးတလည် မရှိဘူး" ယဲ့ချင်းရန်က ပြောလိုက်သည်။

ဇာတ်လိုက်တွေထဲက တစ်ယောက်နှင့် ထမင်းထွက်စားရတာက အရသာကောင်းမည် မဟုတ်ပေ။

လျန်ရှောင်းက သူမရဲ့အေးစက်မှုကို ဂရုမစိုက်ပေ။ ဤနေရာနှင့် သိပ်မဝေးသည့် စားသောက်ဆိုင်တစ်ခုရဲ့ နာမည်ကို ပြောပြီး ထိုစားသောက်ဆိုင်ရှိ ဟင်းပွဲတွေက အရမ်းအရသာရှိကြောင်း ပြောပြနေသည်။

ယဲ့ချင်းရန်က ပြန်ဖြေလာသည်။ "ဘာပဲဖြစ်ဖြစ်"

လျန်ရှောင်းက ထိုစားသောက်ဆိုင်သို့ မောင်းသွားလိုက်သည်။ နာရီဝက်ကြာတော့ သူတို့နှစ်ယောက်က ထိုစားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် ထိုင်နေကြသည်။ ကြိုပြီး ဘိုကင်လုပ်ထားသည်ဆိုတာ သိသာ၏။

အော်ဒါမှာတော့လည်း သူက သူမဘာစားချင်လဲဆိုပြီး မေးလာသည်။ ယဲ့ချင်းရန်က တူညီသည့်စကားသာ ပြန်ပြောလာသည်။ "ဘာပဲဖြစ်ဖြစ်"

အော်ဒါလာယူသည့် စားပွဲထိုး ထွက်သွားပြီးနောက် လျန်ရှောင်းက ရုတ်တရက် မေးလာသည်။ "ကိုယ်နဲ့ အတူရှိနေရတာ စိတ်တိုစရာဖြစ်နေလို့လား"

ဖုန်းကို ကြည့်နေသည့် ယဲ့ချင်းရန်က မျက်လုံးပင့်ကာ သူ့ကို ကြည့်လိုက်သည်။

သူမ ပြန်ဖြေဖို့လုပ်သည့်အချိန်တွင် လျန်ရှောင်းက သူမကို ကြားဖြတ်ပြောလိုက်သည်။ "ထားတော့ ထားတော့ ပြန်ဖြေစရာမလိုဘူး"

ယဲ့ချင်းရန်က စားပွဲပေါ် ဖုန်းတင်လိုက်ကာ သူ့ကို ကြည့်ပြီး မေးလိုက်သည်။ "ဒီနေ့ ဘာလို့ လာရှာတာလဲ?"

လျန်ရှောင်းက ပြန်ဖြေလာသည်။ "ဘာထွေထွေထူးထူးတော့မဟုတ်ဘူး။ မင်းကို တွေ့ချင်ရုံပါ"

ယဲ့ချင်းရန်က ထိုကဲ့သို့ မတွေးပေ။ သူမက ဆွံ့အနေဟန်ဖြင့် ပြောလာသည်။ "ကျွန်မက တူတူလာစားနေပြီလေ။ စိတ်ထင့်အောင် ဆက်မလုပ်နဲ့"

လျန်ရှောင်းက ရေနွေးခွက်ကို လက်ချောင်းတွေဖြင့် ပွတ်သပ်နေသည်။

သူက စကားပြန်ပြောချိန်မှာတော့ သူ့လေသံက နက်ရှိုင်းနေကာ နောက်ထပ် အဓိပ္ပါယ်ရှိနေသလို့ပင်။ "ကိုယ်က မင်းကို စိတ်ထင့်အောင် လုပ်နေတာမဟုတ်ဘူး။ ဒါပေမယ့် မင်းကို ကိုယ်ပြောစရာရှိနေတယ်လို့ ပြောရင်တော့ စဉ်းစားပေးရမယ့်ဟာပဲ ဖြစ်လိမ့်မယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now