Chapter 13: Her Academic Star Third Brother

10.7K 1.3K 21
                                    

"ကောင်းပါပြီ"
ယဲ့ချင်းရန်က အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်ပြီး နမ်းတော့မယ့်ပုံစံနဲ့ ပြောလာသည်။ "ကျွန်တော်တွေ့ဖူးသမျှထဲမှာ အစ်ကိုက အကောင်းဆုံး ဂိုက်ပဲဆိုတာ ကျွန်တော်ပြောရဲတယ်။ အစ်ကို တစ်နာရီသင်ပေးတဲ့စာက ကျောင်းကဆရာ တစ်နှစ်သင်ပေးတာထက် ပိုပြီး ထိရောက်တယ်... ကျွန်တော့်အတွက် ကမ္ဘာအသစ်က တံခါးကို ဖွင့်ပေးလိုက်သလိုပဲ"

သူမစကားပြောနေတာမဆုံးခင်မှာပဲ ချူယန်က ကြားဖြတ်ပြောလိုက်သည်။ "မင်းသွားလို့ရပြီ"

ယဲ့ချင်းရန်နှုတ်ခမ်းက အပေါ်ကိုကွေးတက်သွားပြီး အပြုံးအဖြစ်သို့ပြောင်းသွားသည်။

ဖတ်စာအုပ်တွေကို လက်ထဲမှာ ပိုက်လိုက်ပြီး ထွက်သွားရင်း စလိုက်သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ... အစ်ကိုက ရှက်သွေးဖြာနေတော့လည်း ကျွန်တောဆက်မပြောတော့ပါဘူး"

ချူယန်: "..."

ပိတ်သွားတဲ့တံခါးကိုကြည့်ပြီး သူ့မျက်ခုံးကြားကနေရာကို ပွတ်နေမိသည်။

ရှက်သွေးဖြာတယ်?
ဆူညံလို့ ဒေါသထွက်တာ အသိသာကြီးကို...

ယဲ့ချင်းရန်က စာသင်နေတာမို့လို့ သူမဖုန်းကို မယူသွားဘဲ အခန်းထဲမှာထားခဲ့သည်။ အခန်းထဲပြန်ရောက်လို့ ဖုန်းကို ကြည့်လိုက်တော့ ကလိမ်ကကျစ်သူငယ်ချင်းတွေရဲ့ စာတိုပေါင်းများစွာကို တွေ့လိုက်ရသည်။ အရင်တုန်းက သူမကသာလျှင် အပြင်ထွက်ဖို့ သူတို့ကို ခေါ်ရတာဖြစ်သည်။ ဒီနေ့တော့ ဟွာချီနဲ့ သူမရဲ့အလောင်းအစားကို မေးလာသည့်အကြောင်းတွေသာဖြစ်သည်။

အဲ့စာတွေအပြင် နံပါတ် ၃ ဆိုသည့် နာမည်နဲ့ မှတ်ထားသည့် Wechat က စာတစ်ချို့ပို့ထားသည်။

[နံပါတ် ၃ : မင်းအဖေက မင်းကို ပို့ခိုင်းတဲ့ ဟာရှိလို့]
[နံပါတ် ၃ : မင်းဘယ်မှာလဲ? ကျောင်းမှာ နေနေတာ မဟုတ်ဘူးလား?]
[နံပါတ် ၃ : နာရီဝက်... အဲဒါပြီးမှ မင်းမပေါ်လာရင် မင်းအဖေကို ငါပြောမှာ]

မူလကိုယ်ပိုင်ရှင်က သူ့သွေးတစ်ဝက် အစ်ကို ၃ယောက်နဲ့ အနည်းငယ်အေးစက်ပြီး ကွာဝေးသည်။ သူတို့အပေါ် သူမရဲ့ ခံစားချက်တွေက ရေခဲအလွှာပါးလေးလိုပင်...

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now