Chapter 159: She Really Doesn't Want to Go to Work

7K 1K 24
                                    

UNICODE

နှစ်သစ်ရောက်တော့မည်ဖြစ်သည်။ ယဲ့ချင်းရန်လည်း ဗီလာကနေ ယဲ့မိသားစုအိမ်သို့ ယာယီပြန်ပြောင်းလာသည်။ အခုကာလအတွင်းမှာ ယဲ့ကျွင်းက အလုပ်မှာ မတရားရှုပ်နေသည့်အတွက် ရက်နည်းနည်းကြာမှ တစ်ခါလောက် အိမ်ပြန်လာဖြစ်သည်။

ယဲ့ချန်းဖုန်းက ဆောင်းရာသီအားလပ်ရက်ရပေမယ့် သူ့ပရော်ဖက်ဆာနှင့် လေ့လာရေးခရီးထွက်သွားသည်။ စုန့်ယဲ့က ရိုက်ကွင်းမှာ ရှိနေပြီး တရုတ်နှစ်ကူးကျမှ ပြန်လာမည်ဖြစ်သည်။ ယဲ့ဟန်ကျီက ပြည်ပတွင်သာရှိနေသည်။

 လင်းရှုအာတစ်ယောက်သာ အိမ်မှာ ရှိနေသည့်အတွက် ယဲ့ချင်းရန်က အနားရပြီး စိတ်အေးလက်အေးဖြစ်နေသည်။

နှစ်သစ်ကူးရက်တွင် ယဲ့ကျွင်းက အလုပ်ကနေ အိမ်ကို စောစောပြန်လာသည်။ ယဲ့ချင်းရန်နှင့်လင်းရှုအာတို့နှင့်အတူ ညစာစားသည်။

လင်းရှုအာက အရမ်းကိုပျော်နေကာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စောင့်ရှောက်သူဖြစ်လာသည်။ သူဘာသောက်ချင်လဲ ဘာစားချင်လဲဆိုတာ အရိပ်တကြည့်ကြည့်နှင့်မေးသည်။

ယဲ့ကျွင်းပုံက အနည်းငယ်ပင်ပန်းနေကာ စိတ်မပျော်နေဖြစ်နေသည်။ တူမချခင် နည်းနည်းလောက်သာ စားသည်။ သူ့ဖုန်းကို ထုတ်ပြီး ဧည့်ခန်းတွင်ထိုင်ကာ ဖုန်းပြောရင်း သူ့လက်အောက်ငယ်သားတွေကို အလုပ်တွေ သတ်မှတ်ပေးနေသည်။

လင်းရှုအာက ပန်းကန်အပြည့် သစ်သီးပန်းကန်ကို ယူပြီး ကော်ဖီစားပွဲပေါ်ချပေးလိုက်သည်။

သူက ယဲ့ကျွင်းက နာကျင်နေဟန်ဖြင့် ကြည့်လိုက်သည်။ "ယောကျာ်း အကြီးကောင်က ဘယ်တော့မှ ပြန်လာမှာလဲ?"

ယဲ့ဟန်ကျီပြန်ရောက်လာသည့်အခါ ယဲ့ကျွင်းကို ကူပေးမှာဖြစ်သည်။ ထိုအခါ ယဲ့ကျွင်းက အစောကြီးထပြီး အလုပ်သွားစရာမလိုသလို နောက်ကျပြီးမှ ပြန်လာစရာလည်း မလိုတော့ပေ။ ကောင်းကောင်းမွန်မွန်လည်း အိပ်ပျော်နိုင်မယ်လို့ သူမတွေးနေတာဖြစ်သည်။

ယဲ့ကျွင်းက မည်းမှောင်နေသည့်အမူအရာဖြင့်ပြောလာသည်။ "သူ့ပရောဂျက်မှာ ပြဿနာဖြစ်နေတာ။ တစ်စုံတစ်ယောက်က ပရောဂျက်ရဲ့အတွင်းပိုင်းမှာ လဲလှယ်မှုတွေရှိတယ်ဆိုပြီး သတင်းပို့ထားတယ်။ အဲ့ပရောဂျက်ရဲ့  စီမံခန့်ခွဲသူက သန်း၅၀ကျော် တရားမဝင်ယူထားတယ်တဲ့။ အဲဒါကြောင့် စစ်ဆေးမှုမပြီးခင်မှာ အကြီးကောင်ပြန်လာလို့မရဘူး။ ကြည့်ရတာ နှစ်ကူးမတိုင်ခင် ပြီးမယ့်ပုံမပေါ်ဘူး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now