Chapter 14: She Hitched A Ride

10.8K 1.4K 40
                                    

ချူယန် စကားမပြောနိုင်ခင်မှာပဲ ယဲ့ချင်းရန်က သူမကိုယ်သူမ အရင်မိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ... ကျွန်တော်က အစ်ကိုချူယန်ညီမရဲ့ အတန်းဖော် ယဲ့ချင်းရန်ပါ"

သူမလေသံမှာ ယဉ်ကျေးပြီး သူမအပြုံးက သိမ်မွေ့သော်လည်း အကွာအဝေးတစ်ခုတော့ ရှိနေဆဲဖြစ်သည်။
ထိုအမျိုးသားကလည်း သူ့ကိုယ်သူ မိတ်ဆက်လာသည်။ "အစ်ကိုက ချူယန်အတန်းဖော်နဲ့ စီးပွားလုပ်ဖော်ကိုင်ဖက် ဟဲ့ဇီကျိုးပါ"

ယဲ့ချင်းရန် ?

ဟဲ့ဇီကျိုးက ဒီနာမည်ကို အရင်က ကြားဖူးပြီး ရင်းနှီးသလိုရှိပေမယ့် စဉ်းစားလို့မရပေ။

ဒါပေမယ့်လည်း နာမည်ကို စဉ်းစားလို့မရတဲ့ ဟဲ့ဇီကျိုးကတော့ သူအကြည့်ကို ချူယန်နဲ့ယဲ့ချင်းရန်ကြားထဲ ကူးလူးနေပြီး သူ့ရဲ့ ပဟေဠိဆန်တဲ့အကြည့်ကနေ ထူးဆန်းတဲ့ အပြုံးသို့ ကူးပြောင်းသွားသည်။ သူဘာတွေးနေတာလဲဆိုတာတော့ ဘယ်သူမှ မသိပေ။

ဆယ်မိနစ်ကြာပြီးနောက်မှာတော့ Nanfang အထက်တန်းကျောင်းရဲ့ အဝင်ဝမှာ ကားရပ်သွားသည်။ ယဲ့ချင်းရန်က တံခါးဖွင့် ဆင်းပြီးနောက် ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။ ချူယန်ကတော့ ထုံးစံအတိုင်း အဖက်လည်းမလုပ် ပြန်လည်း မပြောပေ။ ဟဲ့ဇီကျိုးကတော့ ပြတင်းပေါက်မှန်ချလိုက်ပြီး အပြုံးနဲ့ လက်ပြလိုက်သည်။

ကားထွက်တော့ ပြတင်းပေါက်မှန်က အော်တိုပိတ်သွားသည်။

ပြောင်စပ်စပ်အပြုံးနဲ့ "Wow" ဆိုပြီး ဟဲ့ဇီကျိုးပြောလာပြီးနောက် သားရဲတစ်ကောင်ကို ကြည့်သလို ကြည့်လိုက်သည်။ "ကောလဟလတွေက အမှန်တွေများလား?"

ထိုကောလဟလတွေကတော့.... ဟုတ်ပါတယ် ချူယန်က မိန်းမတွေကို သဘောမကျဘူးဆိုတဲ့ အကြောင်းပါပဲ... ဘယ်လောက်လှတဲ့ မိန်းမဖြစ်နေပါစေ သူကတော့ အေးစက်စွာ ဆက်ဆံတတ်သည်။

တစ်ခါကတော့ အလှလေးတစ်ယောက်က သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားဖူးသည်။ သူက ဘာတုန့်ပြန်မှု မရှိသလို မျက်နှာသာတောင်မပေးဘဲ အပြင်ကို မောင်းထုတ်လိုက်သေးသည်။ ထိုအချိန်ကစပြီး ချူယန်က မိန်းမတွေကို မကြိုက်ဘဲ ယောကျာ်းတွေကို ကြိုက်တဲ့သူပါ ကွေးနေပါတယ်ဆိုတဲ့ ကောလဟလထွက်လာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationOù les histoires vivent. Découvrez maintenant