Chapter 145: She Want to Create the Gossips Slowly

7K 1K 59
                                    

UNICODE

လုံကျွင်းယောင်ဆီကနေ ခြယ်လှယ်တတ်တဲ့စကားမျိုးကို မုချင်းရွဲကြားရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ သို့သော်လည်း အဲ့လို စကားမျိုးကြားတိုင်း သူမနှလုံးသားက ထိန်းသိမ်းမရအောင် တုန်ခါလာသည်။ ကူကယ်ရာမဲ့စွာနှင့် လှောင်ပြောင်ရိပ်အပြည့်ဖြစ်နေသည့် ယဲ့ချင်းရန်၏ မျက်နှာကိုတွေးမိသွားသည်။

ထိုထူးဆန်းသည့် စကားတွေ သူမနားထဲ မြည်ဟည်းနေသည်။

"လုံကျွင်းယောင်၊ မုရုန်ယီချန်း၊ တုန်ဖန်းယွီ နဲ့ ဟွာချီ။ အဲ့လေးယောက်ရဲ့ နာမည်ကို မင်းနာမည်နဲ့ တူတူထားလိုက်ရင် အရမ်းကို လက်ဖျားခါလောက်စရာဖြစ်သွားမယ်လို့ မင်းထင်လား?"

"မင်းမှာ ဘာမှမရှိလို့ ဘာမှ မလုပ်နိုင်ဘူးလို့ ပြောမှတော့ အခုကစပြီး ဘာမှမရှိလို့ ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့ အရာက ဘယ်လိုမျိုးလဲဆိုတာ မင်းသိအောင် ပြမယ်"

သူမရဲ့စိတ်က ဟာလာဟင်းလင်းဖြစ်နေကာ လုံကျွင်းယောင်နှင့်တောင် ဝတ်ကျေတန်းကျေသဘောဖြစ်နေသည်။

ယဲ့ချင်းရန်ကို အကောက်ကြံလိုက်ရလို့ ပျော်နေသည့် အပျော်တောင် လေထဲမှာ ပျောက်ချင်းမလှ ပျောက်သွားသည်။

အရမ်းကို စိုးရိမ်နေကာ မလွယ်မကူဖြစ်နေသည်။

သူမသာ တုန်ဖန်းယွီနှင့် လမ်းမခွဲရသေးဘူးဆိုတာကို လုံကျွင်းယောင် သိခဲ့ရင် လုံကျွင်းယောင်က သူမကို အခုလို ကောင်းနေဦးမှာလား?

သူမမှာ ဘာမှ မရှိရင် ဆုံးရှုံးရတာကို ကြောက်ဖို့ မလိုပေ။ သူမမှာ ရှိသွားတာနှင့် သူမ မဆုံးရှုံးချင်ပေ။ အထူးသဖြင့် အခုလို ပိုင်ဆိုင်မှုရဲ့ အကျိုးအမြတ်တွေကို အရသာတွေ့ပြီးချိန်မှာပေါ့။

လုံကျွင်းယောင်၏ အချစ်ကနေ အမုန်းသို့ ပြောင်းသွားသည့်အခါ ဖြစ်သွားမည့် သူမရဲ့ အနာဂတ်ကို တွေးကြည့်ဖို့တောင် ခက်ခဲသည်။

ဒီအကောင်စုတ် ယဲ့ချင်းရန် ဒင်း ဘာလုပ်ဖို့ ကြံနေတာလဲ?

ယဲ့ချင်းရန် ဆေးသောက်ပြီး တစ်ညလုံးအိပ်ပြီးနောက်မှာတော့ သူမရဲ့ အဖျားလည်း ကျသွားပြီဖြစ်ကာ လန်းဆန်းသွားသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now