Chapter 94: She Wants to Go Fishing

7.8K 1.2K 45
                                    

UNICODE

ယဲ့ချင်းရန်က ယဲ့မိသားစုအိမ်ကို ပြန်လာတော့ လင်းရှုအာက အပြင်ထွက်တော့မလို့လုပ်နေတာဖြစ်သည်။

"ချင်းရန် ဘာလို့ ရုတ်တရက်ကြီးပြန်လာတာလဲ" လင်းရှုအာက သူမလက်ထဲက အိတ်ကို ချလိုက်ပြီး ယဲ့ချင်းရန်ကိုဆွဲကာ ဆိုဖာပေါ်ထိုင်လိုက်သည်။ "မားကို ဘာလို့ကြိုမပြောတာလဲ? မားမားက ချိန်းထားတာရှိတယ် အဲဒါကြောင့် သမီးနဲ့ ခဏပဲနေလို့ရမယ်"

"ဒီနာနဲ့ချိန်းထားတာလား?" ယဲ့ချင်းရန်က မေးလိုက်သည်။

"ဟုတ်တယ်...မားက ကျင်းမြို့တော်ကလေ...သူမက ဒီကိုလာတယ်ဆိုတော့ အိမ်ရှင်အနေနဲ့ သူမကို သေချာ နှုတ်ဆက်ရမှာပေါ့"

"သူမက ဒီကိုရောက်နေတာကြာပြီမဟုတ်ဘူးလား? မားဧည့်ခံဖို့လိုသေးလို့လား? ကျင်းမြို့တော်မှာ သူမသုံးသမျှ စားသမျှကို မားပေးနေတာလား?"

"သူမက မားမားကိုကူညီထားတာ သေချာပေါက်သူမကို ကောင်းကောင်းကျေးဇူးတင်ရမှာပေါ့"

လင်းရှုအာက ပြောရင်း ပြုံးနေသည်။ "သမီးကငယ်သေးတယ်...သမီးနားမလည်သေးတဲ့ အရာတွေရှိသေးတယ်... အပေါ်ယံမှာတော့ လူတိုင်းက တူတူပဲ ဒါပေမယ့် အဲ့လိုမဟုတ်ဘူး..တစ်ချို့လူတွေက ကောင်းကောင်းမွန်မွန်မွေးလာကြတယ်...မားမားက သမီးကို အကောင်းဆုံးဆိုတာပဲ ပေးချင်တာ" (T/N: လူဆိုတာ တူပေမယ့် တစ်ချို့က ချမ်းချမ်းသာသာမွေးလာတယ် တစ်ချို့က ဆင်းရဲတဲ့ဘဝမှာ မွေးလာတယ် အဲဒါကိုပြောချင်တာလို့ထင်တာပဲ)

ပထမကတော့ သူမသမီးလေးဟာ အလိုလိုက်ပြီး ချစ်ပေးသင့်သည်။ သူမကို သူမ(လင်းရှုအာ)လက်ထဲရှိ ပန်းလေးတစ်ပွင့်လိုမျိုး  ကာကွယ်ထားပေးသင့်သည်။ ဒါပေမယ့် သူမ ယဲ့မိသားစုကို လက်ထပ်တော့မည့်အချိန်မှာ သူမသမီးကို သားတစ်ယောက်လို ပျိုးထောင်ခဲ့သည်။ နှစ်တွေကြာလာတော့ သူမ အရမ်းအပြစ်ရှိသလို ခံစားလာရသည်။ ဒါပေမယ့် ယဲ့မိသားစုကနေ နှင်ထုတ်မခံရအောင် သူမသမီးရဲ့ပုံအစစ်အမှန်ကို ဘယ်လိုပြန်ယူရမလဲဆိုတာ သူမ မသိပေ။ သူမက ဒီအသိုင်းအဝိုင်းထဲဝင်ချင်ခဲ့ပြီး ကျင်းမြို့တော်ရဲ့အကောင်းဆုံးယောကျာ်းကို ရှာချင်သည်။ အနာဂတ်မှာ သူမသမီး မိန်းကလေးပုံစံပြန်ဖြစ်ခဲ့ရင် သူမ ယောကျာ်းလေးအဖြစ်ဟန်ဆောင်တာကို ဂရုမစိုက်တဲ့သူဖြစ်ဖို့ သူမမျှော်လင့်သည်။ ပြီးတော့အနာဂတ်မှာ ထိုသူက သူမကို ပျော်ရွှင်မှုတွေပေးဖို့ မျှော်လင့်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now