Chapter 151: She Won't Believe the Male Protagonist

7K 1K 65
                                    

UNICODE

ယဲ့ချင်းရန် ကြောင်အသွားသည်။ "???"

သူတို့ချင်းစတွေ့တုန်းက လျန်ရှောင်းဟာ အရမ်းကို မောက်မာသည်။

သူ့ရဲ့ အထက်စီးဆန်သည့်ရောင်ဝါ၊ အပြုအမူတိုင်းနှင့် အမူအရာက ဒီလိုပြောနေသည်။ "ငါက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"

သူ့အကြည့်သူမဆီ ကျရောက်ချိန်တုန်းက သူမဟာ သူ့ခြေထောက်အောက်က ပုရွတ်ဆိတ်တစ်ကောင်လိုပင်။

အခု သူက သူမအတွက်နှင့် လုံကျွင်းယောင်ကို ရိုက်မယ်လို့ တကယ်ကြီး ပြောတယ်ပေါ့လေ။ အရေးကြီးဆုံးက မူရင်းဝတ္ထုထဲမှာ သူက မုချင်းရွဲ မောင်းမဆောင်အဖွဲ့ဝင်လေ။ မုချင်းရွဲရဲ့ လက်အောက်ငယ်သားလေ။ (T/N: ဟိုက ကြားရင် ငိုတော့မယ်)

လုံကျွင်းယောင်နှင့် မုရုန်ယီချန်းအတွက် လျန်ရှောင်းက မုချင်းရွဲကို မုန်းပြီး သူမကို ဖယ်ထုတ်ပစ်ချင်နေတာက သူမ(ရန်ရန်)ရဲ့ စိတ်ကူးယဉ်နေမှုလို့တောင် တွေးမိအောင် လုပ်နေသည်။

လျန်ရှောင်းကို ကြည့်သည့် သူမအကြည့်က တစ်ဖန်ပြန်နက်ရှိုင်းလာသည်။

ဘာလို့မှန်းမသိဘဲ ယဲ့ချင်းရန်ရဲ့ အကြည့်က ဓားတစ်လက်အလား ထက်ရှနေသည်လို့ လျန်ရှောင်းခံစားနေရသည်။ အဲဒါက သူ့ကို အနည်းငယ်စိတ်လှုပ်ရှားသွားစေသည်။ "ဘာလို့မှန်း မသိဘဲ မင်းအကြည့်က ငါ့တစ်ကိုယ်လုံး ကြက်သီးပါထသွားအောင် လုပ်နေသလိုပဲ"

ယဲ့ချင်းရန်က အော်ရယ်တော့သည်။ "အဲဒါ ကျွန်တော်ပြောရမယ့်စကားနော်။ ဘာလို့လဲ မသိဘူး ခင်ဗျားစကားတွေက ကျွန်တော့်တစ်ကိုယ်လုံးကို ကြက်သီးထသွားအောင် လုပ်နေသလိုပဲ"

"အာ? ဘာလို့လဲ?"

"ကျွန်တော် ခင်ဗျားနဲ့ မရင်းနှီးဘူး။ အဲတော့ ကျွန်တော်က ခင်ဗျားကို ပြောစရာ အကြောင်းမရှိဘူး"

လျန်ရှောင်းက ခစ်ကနဲရယ်လိုက်သည်။ "ငါတို့ကသူငယ်ချင်းတွေလေ။ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက်မရင်းနှီးရမှာလဲ? ဒါပေမယ့် ငါ မင်းကို အကူအညီတောင်းဖို့ ရှိတယ်။ ဒါပေမယ့် မင်းမကူညီဘူးဆိုရင်တောင်မှ အဲဒါကို ငါလုပ်ဦးမယ်မှာပဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now