Chapter 162: Me, Do You Like?

7.7K 1.2K 25
                                    

UNICODE

ရှုကျုန်းကို လုံခြုံရေးတွေခေါ်ထုတ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိလေထုက တစ်ဖန်ပြန်ပြီး ခဲလာ၏။

လူတိုင်းက ယဲ့ချင်းရန်ကို ကြောက်ရွံ့မှုတွေဖြင့် ကြည့်နေကြသည်။ သူ့ရဲ့ ခန့်ညားငယ်ရွယ်တဲ့ မျက်နှာမှာ သူ့အသက်နှင့်မလိုက်အောင် သတ်ဖြတ်ချင်သည့် အငွေ့အသက်တွေရှိနေသည်။ သူက သေချာပေါက် ဆယ်ကျော်သက်တစ်ယောက်ပင်။ သို့ပေမယ့် လူတွေကိုတော့ ပြင်းထန်သည့် ဖိအားတစ်ခု ပေးနေ၏။

ယဲ့ချင်းရန်က မျက်ခုံးပင့်လိုက်ပြီး လူအုပ်ကို ကြည့်လိုက်သည်။
သူမပတ်ဝန်းကျင်မှာ အေးစက်ပြီး တည်ကြည်လေးနက်သည့် အရောင်အဝါဖုံးလွှမ်းနေကာ ထိုအရာက လူတိုင်းကို လွှမ်းမိုးနေသည်။ "ပရောဂျက် 0315 မှာ ပါတဲ့ လူတိုင်း အခုလုပ်နေတာတွေကို ချက်ချင်းရပ်ပြီး ဒီနေ့ရုံးမဆင်းခင် ပျောက်နေတဲ့ အချက်အလက်တွေ ပြည့်စုံအောင်လုပ်ပေးရမယ်။ မဟုတ်ရင် ကျွန်တော်က အကုန်လုံးကို အလုပ်ဖြုတ်ပစ်မှာ။ မှတ်ထားနော် လူတိုင်းကို"

လူတိုင်း အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။ တစ်ချို့လူတွေရဲ့ မျက်နှာက ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။ သူတို့ ဒီတိုင်းမနေရဲတော့ဘဲ ချက်ချင်းထကာ ပရောဂျက် 0315 ရဲ့ အချက်အလက်တွေ ပြည့်အောင် ရှာကြတော့သည်။

"ဒင်းဒေါင်"ဆိုသည့်အသံက မနီးမဝေးကနေထွက်လာသည်။

ဓာတ်လှေကားတံခါးက ဖြည်းညင်းစွာ ပွင့်သွားပြီး တင်းမာနေသည့် အမူအရာနှင့် ယဲ့ကျွင်းထွက်လာသည်။

ယဲ့ချင်းရန်က လှည့်ကာ သူ့ကို ကြည့်လိုက်သည်။ သူမက စာရွက်စာတမ်းတွေယူပြီး ရှုကျုန်းရဲ့ ရုံးခန်းထဲသို့ ဝင်သွားသည်။ ယဲ့ကျွင်းလည်း သူမနောက်ကနေလိုက်သွားသည်။
သူ့မျက်နှာက သုန်မှုန်နေပေမယ့်လည်း အရင်ကလို ဆဲရေးတာမျိုးတော့မလုပ်ပေ။

သူက ယဲ့ချင်းရန်ကို မေးရုံသာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ?"

အရင်ကလိုသာဆို ယဲ့ချင်းရန်က ပြဿနာရှာတယ်လို့ သူထင်လိမ့်မည်။ သို့ပေမယ့် သိပ်မကြာခင်က ယဲ့ချင်းရန်ရဲ့ ပြောင်းလဲမှုဟာ ဒီနေ့ကိစ္စရဲ့ အရင်းအမြစ်က ရှုကျုန်းလို့ပဲ သူတွေးလိုက်၏။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now