Chapter 152: She Wants Chu Yan's Reward...

7.5K 1.2K 95
                                    

UNICODE

လျန်ရှောင်းက မျက်မှောင်ကြုတ်ကာ မုရုန်ယီချန်းကို ကြည့်လိုက်သည်။ "..."

သူဘာမှ မပြောခင်မှာပဲ မုရုန်ယီချန်းကို ပြောလိုက်သည်။ "မင်းမြင်ပြီဆိုတော့လည်း ငါ ဘာမှ ဖုံးမကွယ်နေတော့ဘူး။ ငါတို့ အတူတူချိန်တုန်းက ငါ အရမ်းစိတ်ဖိစီးနေတာ မင်းနဲ့ သူမနဲ့အတူရှိနေတာလည်း ငါမသိခဲ့ဘူး။ ငါသိသွားတော့ ငါက မင်းကို လမ်းပေးဖို့ လုပ်ခဲ့တယ်"

လုံကျွင်းယောင်က ပြောလိုက်သည်။ "ကိစ္စက အဲ့လိုဆို ဒီနေ့က ဘာလဲ?"

သူတို့နှစ်ယောက်က ပြန်ငြင်းခုန်ဖို့ လုပ်တော့ကာ ထပ်ပြီး ရန်ဖြစ်ကြဖို့ လုပ်တော့သည်။

လျန်ရှောင်းက အလယ်ကို လျှောက်လာကာ အော်တော့သည်။ "ရပ်လိုက်"

သူက လက်ဆန့်ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို တားလိုက်သည်။ "မိန်းမတစ်ယောက်ပဲလေ။ မင်းတို့နှစ်ယောက် ယောကျာ်းတကာကို ပတ်မြူဆွယ် ယောကျာ်းဘယ်လောက်နဲ့ အိပ်ထားမှန်းမသိတဲ့ ကလက်တက်တက်မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ကြားက သူငယ်ချင်းဆက်ဆံရေးကို ဖျက်ဆီးဖို့လား?"

လုံကျွင်းယောင်ရော မုရုန်ယီချန်းပါ ကြောင်သွားသည်။ ဟုတ်တယ်။ သူမက ဒီတိုင်း ပရောပရည်လုပ်တတ်တဲ့ မိန်းမတစ်ယောက်ပဲ။ ဘာလို့များ အခု သူတို့က သူတို့အသက်ကို ရင်းဖို့ လုပ်ကြတာလဲ?

ဒီမတိုင်ခင်က သူတို့က သာမန်သူငယ်ချင်းတွေမဟုတ်ဘဲ မိတ်ဘက်တွေဖြစ်သည်။

လျန်ရှောင်းသာ သူတို့ကို သတိမပေးရင် သူတို့က ဒီလိုဆက်ပြီး ရန်ဖြစ်ရင်း သူတို့သူငယ်ချင်းဆက်ဆံရေးကို ဖျက်ဆီးပစ်မိသွားမှာ။ ဒါက သေချာပေါက် အရမ်းကို တုံးအတဲ့ ဆုံးဖြတ်ချက်ပဲ။

ဒီစကားကို ကြားတော့ မုချင်းရွဲလည်း ကြောင်အသွားသည်။ လေထုအခြေအနေက မမှန်တော့မှန်း သူမ ခံစားလိုက်ရကာ သူမနှလုံးသားထဲမှာလည်း အရမ်းကို ဆိုးဝါးသည့် ခံစားချက်ကို ရနေသည်။

မုရုန်ယီချန်းက ရုတ်တရက် လှောင်ရယ်လိုက်သည်။ "လျန်ရှောင်းမှန်တယ်။ ဒါက မိန်းမတစ်ယောက်ပဲလေ။ ကျွင်းယောင် ငါ့အမှားပဲ။ ငါမင်းကို တောင်းပန်တယ်။ သူမက ငါ့ကို အရင် လာမြူဆွယ်တာ။ သူမက ကျောင်းသူဆိုတော့ အရမ်းဖြူစင်တယ်လို့ ငါထင်ခဲ့တာ။ သူမမှာ  ယောကျာ်းတွေအရမ်းများတာ ဘယ်သူသိမလဲ။ အခု ငါတွေးမိတော့ တကယ့်ကို အဓိပ္ပါယ်မရှိတာပဲ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now