Chapter 119: She Really Is A Woman

7.9K 1.3K 126
                                    

UNICODE

"အဲဒါ အဲဒါ ယဲ့ချင်းရန် မဟုတ်ဘူးလား?"

ထိုစကားသံထွက်လာတာနဲ့ LED Screen မှ ဓာတ်ပုံက ဖြည်းဖြည်းချင်း နောက်တစ်ပုံသို့ပြောင်းသွားသည်။ တူညီသည့် မိန်းကလေးပုံပဲဖြစ်သည်။ သူမ မျက်နှာကျပုံက တစ်ထပ်တည်း တူညီ၏။

အခုတစ်ခေါက်နှင့် ကွာခြားချက်တစ်ခုက ထိုမိန်းကလေးမှာ ယောကျာ်းလေးအဝတ်အစားကို ဝတ်ဆင်ထားပြီး တောက်ပကာ ခန့်ညားနေသည်။

ထိုပုံနှစ်ပုံမှ လူက တခြားသူမဟုတ်ဘဲ ယဲ့ချင်းရန်ပဲဖြစ်၏။

ယဲ့ချင်းရန်လည်း ထိတ်လန့်သွားသည်။

ယောကျာ်းလေး အဝတ်အစားဖြင့် မိန်းကလေးပုံက အရင်တုန်းက မူလကိုယ်ပိုင်ရှင်က ရိုက်ထားတာဖြစ်သည်။ သို့သော်လည်း မိန်းကလေးအဝတ်အစားနှင့် ဓာတ်ပုံက တစ်ခါမှ ရိုက်ကူးထားတာမျိုးမရှိဘူးဖြစ်သည်။ မူလကိုယ်ပိုင်ရှင်က အရင်တုန်းက ဒီလိုဓာတ်ပုံမျိုး တစ်ခါမှ ရိုက်ကူးထားတာမျိုးမရှိဘူးဖြစ်သည်။

သူမငယ်စဉ်အချိန်ကတည်းက မူလကိုယ်ပိုင်ရှင်က သူမရဲ့လိင်အစစ်အမှန်ကို လျှို့ဝှက်ထားသည်။ မိန်းကလေးအဝတ်အစားနှင့်ပုံကို ဘယ်လိုလုပ်ပြီး ရိုက်ကူးထားမှာလဲ။ အကောက်ကြံထားသည်မှာ သိသာလွန်းသည်။

လူတွေအများကြီးရဲ့အရှေ့မှာ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးအဖြစ် ဟန်ဆောင်ထားသည်ဆိုပြီး ဖော်ထုတ်ချင်တာဖြစ်သည်။ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်အဖြစ် ဟန်ဆောင်တာကလည်း ကြီးမားလွန်းသည့် ကိစ္စမဟုတ်ဘူးဖြစ်သည်။ ဖော်ထုတ်ချင်တော့လည်း ဖော်ပေါ့။

သူမကလည်း ဒီအခွင့်အရေးကိုသုံးပြီး သူမက မိန်းကလေးဆိုတာကို ဖော်ထုတ်ချင်၏။

ယဲ့ချင်းရန်၏ ထိတ်လန့်သွားသည့် အမူအရာကို မြင်တော့ မုချင်းရွဲက နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သူမကိုယ်သူမ ဂုဏ်ယူမိသည်။

ယဲ့ချင်းရန်က မျက်နှာပေါ်မှာ မပြပေမယ့် စိတ်ထဲမှာတော့ စိုးရိမ်နေလောက်ပြီ။ သူမကိုယ်ကနေ ဝိဉာဉ်ထွက်သွားလောက်မယ့်အထိ အရမ်းကို ကြောက်နေလောက်ပြီ။ ယဲ့ချင်းရန်၏ ကိုယ်အနက်ရှိုင်းဆုံးကနေရှိနေမည့် ကြောက်ရွံ့မှုကို ခံစားနေရသည်။ တကယ့်ကိုပဲ ဒီအကွက်က အရမ်းကို ထိရောက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now