Chapter 129: She Couldn't Bear to Break up

7.9K 1.1K 56
                                    

UNICODE

"ရန်ရန် ငါ နင့်အတွက် ဝယ်လာတဲ့ လက်ဆောင်တွေကို ကြည့်ပါဦး"

သီးသန့်ခန်းထဲ ထိုင်ပြီးနောက် ချီရွှန်က ယဲ့ချင်းရန်ထံ အိတ်တစ်အိတ်ကမ်းပေးလိုက်သည်။ "ငါကိုယ်တိုင် ရွေးထားတာ... နင်ကြိုက်မယ်လို့ ငါမျှော်လင့်တယ်"

ယဲ့ချင်းရန်လည်း ယူပြီး ကြည့်လိုက်တော့ အကုန်လုံးက အဝတ်အစားတွေဖြစ်နေသည်။ "ကျေးဇူး ငါအရမ်းကြိုက်တယ်"

ချီရွှန်က ဒါကို ကြားတော့ သူမမျက်လုံးတွေက ကျောက်မျက်တွေလို တောက်ပသွားသည်။ "ဒါဆို မနက်ဖြန်ကျ ထပ်တွေ့ရအောင်... ငါ နင့်အတွက်ဝယ်လာတဲ့ အကျီတွေ ဝတ်ခဲ့"

"မနက်ဖြန် ငါ အလုပ်ရှုပ်နေမှာ"

ချီရွှန်က အနည်းငယ်စိတ်ပျက်သွားသည်။ "ငါ ဒီမှာ သုံးရက်ပဲ နေလို့ရမှာ သုံးရက်ပြီးရင် အဲ့ကို အမေနဲ့ ပြန်ရမှာ... ဒီနှစ်အတွင်းထဲကို ငါ ပြန်လာနိုင်မှာမဟုတ်လောက်ဘူး"

သူမက ပြောရင်း ခေါင်းငုံ့လိုက်သည်။

ယဲ့ချင်းရန် "..."

အဲ့ဒီကို ဆိုသည်မှာ သူမရဲ့ အိမ်ကို ဆိုလိုတာဖြစ်သည်။

သူမရဲ့ မွေးရာပါနှလုံးရောဂါကြောင့် သူမ မိဘတွေက သူမရောဂါသက်သာအောင် ကျင်းမြို့မှာ အဒေါ်တစ်ယောက်ရဲ့ စောင့်ရှောက်မှုဖြင့် နေစေတာဖြစ်သည်။

အရမ်းကို အထီးကျန်တဲ့ မိန်းမငယ်လေးဖြစ်သည်။ မူလကိုယ်ပိုင်ရှင်က သူမရဲ့ ပထမဆုံး အစစ်အမှန် သူငယ်ချင်းကောင်းဖြစ်သည်။ မူလကိုယ်ပိုင်ရှင်က ဝတ္ထုရဲ့ ပထမတစ်ဝက်မှာ အမျိုးသမီးဇာတ်ရန်လို့ပြောမယ်ဆိုရင် သူမက အရမ်းကို ဥာဏ်နည်းပြီး ရက်စက်သည့်ဇာတ်ကောင်ဖြစ်သည်။

ပြီးနောက် ချီရွှန်က မူလဇာတ်ကြောင်းရဲ့ ဒုတိယတစ်ဝက်ရဲ့ အမျိုးသမီးဇာတ်ရန်ဖြစ်သည်။ သူမက အကျင့်ပျက်ပြီး မကျန်းမာသည့် ဇာတ်ကောင်ဖြစ်သည်။

ကံမကောင်းစွာနှင့်ပဲ သူမရဲ့ IQ က ဘယ်လောက်ပဲမြင့်ပါစေ သူမက ဇာတ်လိုက်ကြောင့် ဆိုးရွားသည့် သေဆုံးခြင်းကို ခံစားခဲ့ရသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now