Chapter 180: When A Boy Turns Into A Girl (2)

8.7K 1.3K 78
                                    

UNICODE

အငယ်ကောင် ကလေးဘဝတုန်းက အချိန်ကို သူ ပြန်တွေးကြည့်မိသည်။

ထပ်မွေးလာတာ သားပဲဖြစ်နေတဲ့အတွက် သူ သဘောမကျပေ။ အငယ်ကောင်ကို သူ သေချာ ထွေးပွေ့ဖူးတာမျိုးတောင် မရှိ။

ထပ်ပေါင်းပြောရရင် လင်းရှုအာက သေချာဖုံးကွယ်ထားသည်။ ထို့ကြောင့် အဖေတစ်ယောက်အနေနဲ့ အငယ်ကောင် ကလေးဘဝတုန်းက ကိုယ်တုံးလုံး ဖြစ်နေတာမျိုးကို သူတစ်ခါမှ မမြင်ခဲ့ဖူးတာ သတိရသွားသည်။

ဒီလင်းရှုအာက ဘာဖြစ်တာလဲ? ဘာလို့ အငယ်ကောင်ရဲ့ လိင်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ရတာလဲ?

ဒီငတုံးမ

သူအရမ်းစိတ်တိုသည်။ သူ့ရဲ့ အဖိုးတန်သမီးလေးကို သူက ၁၀နှစ်ကျော်ကြာအောင် အကောင်စုတ်လေး ဖြစ်ခွင့်ပေးထားမိသည်။

သူ့ရဲ့ အဖိုးတန်သမီးလေးကို သူမငယ်စဉ်တုန်းထဲက သေချာထွေးပွေ့မှုမျိုးတောင် မရှိခဲ့ဘူး။

လင်းရှုအာ ဒီငတုံးမကတော့ ခွင့်လွှတ်နိုင်စရာမရှိဘူး။

ယဲ့ကျွင်းရဲ့ အသံက ဒေါသကြောင့် ဟိန်းထွက်နေသည်။ "လင်းရှုအာ ငါမင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့လို့လား? ငါ့ကို နှစ်တွေအကြာကြီးတောင် လိမ်ထားရဲတယ်ပေါ့လေ"

လင်းရှုအာငိုတော့သည်။ "ကျွန်မမှားသွားပါတယ် ကျွန်မတကယ်မှားသွားပါတယ်"

ယဲ့ကျွင်း၏ အသံက အလွန်တရာအေးစက်နေကာ အရမ်းကို စိတ်ဆိုးနေသည်။ "ဒီကလေးရဲ့ပုံစံအမှန်ကို ဘာကိစ္စကြောင့် မင်းက ဖုံးကွယ်ထားခဲ့ရတာလဲ?"

ဤမေးခွန်းကြောင့် လင်းရှုအာတစ်ကိုယ်လုံး တုန်ယီသွားကာ ခြေထောက်တွေတောင် ပျော့ခွေသွား၏။ ဘေးရှိ ဆိုဖာကိုသာ သူမ သေချာမကိုင်ထားရင် ကြမ်းပြင်ပေါ် သူမ ဒူးထောက်ကျနေလောက်ပြီ။

"ဘာလို့လဲဆိုတော့..."

လင်းရှုအာရဲ့ မျက်လုံးက မျက်ရည်တွေက ရပ်တန့်ခြင်းမရှိဘဲ တောက်လျှောက်စီးကျနေသည်။

"ဘာလို့လဲဆိုတော့..."

သူမက "ဘာလို့လဲဆိုတော့" ကိုသာ အကြိမ်အနည်းငယ်ပြောနေပေမယ့် ကျန်တာဆက်ပြောပေ။ ယဲ့ကျွင်းက အော်တော့သည်။ "ပြောလေ~~"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now