Chapter 64: She Was Selected without Competition

8.6K 1.2K 93
                                    

UNICODE
နေ့ခင်းမှာတော့ ပြိုင်ပွဲအတန်းသို့ သူမသွားလိုက်၏။ သူမ ထိုင်ချရုံပဲရှိသေးသည် ရုံးခန်းသို့လာရန် သင်္ချာဆရာမက ခေါ်နေသည်ကို သူမ သိလိုက်ရသည်။

ဆရာမက ယဲ့ချင်းရန်ထံ လေ့ကျင့်ခန်းစာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။ "မင်း မနေ့က ကျောင်းမလာဘူး.. ဒါက မင်းဟာ... အထဲက လေ့ကျင့်ခန်းတွေကို လုပ်ကြည့် ပုစ္ဆာတွေကို ဖြေရှင်းနည်းအသစ်နဲ့ ဖြေကြည့်... ပြိုင်ပွဲရဲ့ ၈၀% က ဒီစာအုပ်ကနေလာတာ.... လေ့ကျင့်ရင်း ဗဟုသုတတွေရလာရင် ပြိုင်ပွဲမှာ မင်း အမှတ်ကောင်းကောင်းရမှာ အသေအချာပဲ"

ယဲ့ချင်းရန်က ခဏလောက် ကြောင်အသွားသည်။ "ပြိုင်ပွဲ? ဘာပြိုင်ပွဲလဲ?"

"မြို့နယ်အဆင့်နဲ့ နိုင်ငံအဆင့် သင်္ချာပြိုင်ပွဲပေါ့" ဆရာမက အရမ်းတွေကို စိတ်ကြည်သာနေသည့် ပုံစံဖြင့် ရှင်းပြလာ၏။ "ပြိုင်ပွဲအတန်းက ဘာအတွက်လဲဆိုတာတောင် မင်းမသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်"

ယဲ့ချင်းရန်က ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။
သူမက ပြုံးရင်း ပြောလာသည်။ "ကျွန်တော်သိတယ်... ပြိုင်ပွဲဝင်ဖို့ ကျွန်တော့်အဆင့်တွေက မကောင်းဘူးလေ.... ပြီးတော့ ကျွန်တော့်အဆင့်က အတန်းထဲမှာ အဆိုးဆုံးပဲလေ... ပြီးခဲ့တဲ့စစ်ဆေးမှုမှာ အမှတ်ကောင်းကောင်းရတယ်ဆိုတာက ပုစ္ဆာတွေက ကျွန်တော်နဲ့ ရင်းနှီးနေလို့ပါ..ကျွန်တော်သာ ပြိုင်ပွဲဝင်မယ်ဆို ဆိုးဆိုးဝါးဝါးရှုံးသွားမှာ"

"စိတ်မပူနဲ့ မင်းတော်တယ်ဆိုတာ ငါသိတယ်...ငါ့ညွှန်ကြားချက်တွေအတိုင်း မင်းလိုက်ရုံပဲ" ဆရာမက လေ့ကျင့်ခန်းစာအုပ်ကို လက်ညိုးထိုးပြလိုက်သည်။ "ဒါနဲ့သာ လေ့ကျင့်ချည်.... အတန်းထဲက ထိပ်ဆုံးကျောင်းသားတွေကိုတောင် မင်းရှုံးမှာ မဟုတ်ဘူး"

ပြီးခဲ့သည့် စစ်ဆေးမှုတွင် တကယ်ပဲ ပုစ္ဆာဆယ်ပုဒ်သာ ရှိသည်။ ဒါပေမယ့် စစ်ဆေးမှုတွင် ဒီကလေးမှာ ကျိုးကြောင်းသင့်လျော်စွာတွေးခေါ်မှု အားကောင်းကောင်းနှင့် ပုစ္ဆာဖြေရှင်းမှာ ထူးခြားသည့်ဟန်ပန်ရှိတာကို သူမ တွေ့လိုက်ရသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now