Chapter 179: When A Boy Turns Into A Girl (1)

8.6K 1.2K 46
                                    

UNICODE

နင်းယန်ရှန်း အရမ်းထိတ်လန့်သွားကာ အကြည့်တောင် အမှောင်ကျသွားသည်။

အတုပဲဖြစ်မယ်။ အတုပဲ ဖြစ်တာနေမယ်

ယဲ့ချင်းရန်က ဘယ်လိုလုပ်ပြီး မိန်းကလေးဖြစ်ရတာလဲ? သူမက ယဲ့ချင်းရန်ကို စိုက်ကြည့်နေရင်း အမှားတစ်ခုတစ်လေများ ရှာတွေ့မလားဆိုပြီး မျှော်လင့်နေသည်။ သို့ပေမယ့် သူမ ကြည့်လေ သူမနှလုံးသား ပိုအေးစက်လေဖြစ်လာသည်။ သူမ ကူကယ်ရာမဲ့စွာဖြင့် စပြီး တုန်ယီလာတော့သည်။

ဘယ်လိုလုပ်ဖြစ်ရတာလဲ?

အစီအစဉ်က လုံးဝပြည့်စုံတယ်လေ။ ယဲ့ချင်းရန် ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ သွေးသားတော်စပ်မှု စစ်ဆေးသည်ဖြစ်စေ မစစ်ဆေးသည်ဖြစ်စေ ဒီကိစ္စက ယဲ့ချင်းရန်အပေါ်ပဲ ကျရမှာဖြစ်သည်။

ဒါပေါ့ သူမက ယဲ့မိသားစုကနေပြီး ဒီကလေးကို အလေးအနက် မှတ်ယူတာမျိုး မလိုချင်ပေ။

သူမနှင့် မုချင်းရွဲ အပေးအယူမှာ ယဲ့မိသားစုက ဒီကလေးကို ခေါ်သွင်းဖို့မလိုဘူးဖြစ်သည်။ သူမလုပ်ရမှာက ဒီကလေးကို သုံးပြီးတော့ ယဲ့မိသားစုကို အများအမြင်မှာ မကောင်းဖြစ်အောင် လုပ်ရုံပဲဖြစ်သည်။

ပြီးတော့ ဒီကလေးက ယဲ့ချင်းရန် ကလေးမဟုတ်ပေ။ သူမသာ ယဲ့မိသားစုထဲဝင်သွားရင် မုချင်းရွဲ၏ ထိန်းချုပ်မှုကို ခံနေရဦးမှာဖြစ်သည်။ သူမက မုချင်းရွဲရဲ့ စပိုင်ဖြစ်သွားလိမ့်မည်။

သူမ ပိုက်ဆံယူပြီး မထွက်သွားခင် အများအမြင်ကို သုံးပြီး ယဲ့မိသားစုရဲ့ အလွှာကို ခွာချချင်ရုံတင်။

ဒါပေမယ့် သူမ တစ်ခါမှ မတွေးမိတာက ယဲ့ချင်းရန်က မိန်းကလေးဆိုတာပဲဖြစ်သည်။

သူ.... သူမလား?

ယဲ့ချင်းရန်က ဘယ်လိုလုပ်ပြီး မိန်းကလေးဖြစ်ရတာလဲ?

ကိစ္စက ဒီလိုဖြစ်ပြီဆိုမှတော့ ရှိုးကို ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်ရတော့မည်။ ဇာတ်ကြောင်းပြောင်းဖို့ လိုသည်။ သူမ ဒီမှာ လဲပြိုကျလို့မဖြစ်ပေ။

"အမေ အမေ...." နင်းယန်ရှန်းရဲ့ မျက်လုံးတွေက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေသည်။ သူမက အမေနင်းရဲ့လက်ကို တင်းကျပ်စွာ ကိုင်ထားသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီလိုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ညက သမီး ယဲ့ချင်းရန်ပဲ မြင်လိုက်တာ။ သူမက မိန်းကလေးဆို ဒါဆို ဒါ ဘယ်သူ့ကလေးလဲ ဘယ်သူ့ကလေးလဲလို့ ဝူးဝူး(ငိုသံ)"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationOnde histórias criam vida. Descubra agora