Chapter 78: Her Revealed Boyfriend

8.6K 1.3K 51
                                    

UNICODE

ယဲ့ချင်းရန်က သူမကို မြင်သွားပြီး လက်ဖြင့် လာရန် အချက်ပြလိုက်သည်။ "ဒီကိုလာ"

စံပယ်လေးက နာခံစွာဖြင့် ချက်ချင်းထွက်လာသည်။ ဒီလူငယ်လေးက အရမ်းကြောက်ဖို့ကောင်းတာပဲ... သူရိုက်နေတာကို မြင်တော့ သူမရဲ့ဆံပင်တွေ အရင်းကနေတောင် ထောင်သွားသလိုပဲ ခံစားလိုက်ရသည်။

သူမရဲ့အသံက တုန်ရီနေသည်။ "ကျွန်မ ကျွန်မတောင်းပန်ပါတယ်... ကျွန်မလည်း စုန့်ယဲ့ကို အကွက်မဆင်ချင်ပါတယ် ဒါပေမယ့် ကျွန်မကို လာရှာတဲ့သူက လူဦးရေများတယ်လေ...ရှင်တို့မြင်တဲ့အတိုင်းပဲ... ကျွန်မက မိန်းကလေးတစ်ယောက်ပဲလေ... မနာခံဘဲ မနေရဲဘူး"

ရှောင်းဖန်းက သူ့မျက်နှာက ဒဏ်ရာကို ပွတ်လိုက်သည်။ "ဒါကို ပြောတုန်းက မင်းမရှက်ခဲ့ဘူးလေ"

သူက ဒေါသတကြီးဆက်ပြောလာသည်။ "ထုတ်လုပ်ရေးအဖွဲ့ကို ငါတို့အစ်ကိုယဲ့စရောက်ထဲက မင်းက ဇာတ်လိုက်အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးပြီး အမျိုးမျိုးမြူဆွယ်ဖို့လုပ်တယ်... သူက မင်းကို ဥပေက္ခာပြုတော့ သူ့ကို ခက်ခဲအောင်လုပ်တယ်... ဒါရိုက်တာကိုတောင် သူ့အခန်းတွေကို ဖြတ်ပစ်ဖို့ ပြောသေးတယ်လေ"

ယဲ့ချင်းရန်က သူမမျက်ခုံးကို ပင့်လိုက်သည်။ "ဒီဒရမ်မာမှာ မင်းက ဇာတ်လိုက်အမျိုးသမီးပေါ့...အခန်းတွေဖြတ်ထုတ်ပိုင်ခွင့် မင်းမှာရှိလို့လား"

စံပယ်လေးက မျက်လုံးကျွတ်ထွက်မတတ်ငိုတော့သည်။ "ကျွန်မမှားသွားပါတယ် နောက်ကျရင် ကျွန်မ မလုပ်တော့ပါဘူး...ဒါရိုက်တာကို ဖြတ်ပစ်လိုက်တဲ့အခန်းတွေလည်း ပြန်ထည့်ခိုင်းလိုက်ပါမယ်"

အခုဘာတွေဖြစ်နေလဲဆိုတာ သူမ နားလည်သွားသည်။ ဒီနေ့ရဲ့ တိုက်ခိုက်မှုက မသေမျိုးနှစ်ယောက်ကြားက တိုက်ခိုက်မှုဖြစ်ပြီး သူမက သနားစရာကောင်းသည့် အမြှောက်စာသေးသက်သက်ပင်ဖြစ်သည်။

စုန့်ယဲ့က သူမထိလို့ရသည့် သူမဟုတ်ပေ။ သူ့မျိုးရိုးနာမည်က စုန့်ဖြစ်သော်ငြားလည်း သူက ယဲ့မိသားစု၏ဒုတိယသား ဖြစ်သည်။ သူမ နောင်တရလွန်းလို့ အူတွေကလီစာတွေတောင် အစိမ်းရောင်ပြောင်းတော့မလိုပင်....

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now