Chapter 163: The Capital, Yan Family

7.4K 1.1K 30
                                    

UNICODE

နှစ်သစ်ရဲ့ပထမဆုံးနေ့တွင် မီးပုံးတွေ နဖူးစည်းစာတန်းတွေနှင့် အလှဆင်ထားသည့် ယဲ့မိသားစုအိမ်က အရမ်းကို စည်ကားသိုက်မြိုက်နေသည်။

ဝေးကွာသည့် ဆွေမျိုးဖြစ်စေ ဆွေမျိုးနီးစပ်ဖြစ်စေ အဆက်အသွယ်ရှိတဲ့သူဖြစ်သရွေ့ ယဲ့မိသားစုအိမ်ကို တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြကာ ကျင်းပနေကြသည်။

လူကြီးတွေက ရေနွေးစုသောက်ရင်း စကားပြောနေကြသည်။

လူငယ်တွေကလည်း စုပြီး ဖဲကစားကြသည်။

ယဲ့ချင်းရန်လည်း သူမက အသက်လေးလကြီးပြီး သူမဦးလေးမိသားစုမှဖြစ်သည့် ဝမ်းကွဲအစ်မ ယဲ့ယွိတန်က မာကျောက်ကစားဖို့ ဆွဲခေါ်ခံသွားရသည်။

မနှစ်က မူလကိုယ်ပိုင်ရှင်လည်း လူတိုင်းကို မာကျောက်ကစားဖို့ အဖော်လုပ်ပေးခဲ့သည်။ သို့ပေမယ့် သူမရဲ့ မာကျောက်ကစားသည့်အရည်အချင်းက အရမ်းမကောင်းသည့်အတွက် အမြဲရှုံးခဲ့သည်။

ဒီနှစ်မှာ လူတိုင်းက သူမကို မနှစ်ကလိုထင်ပြီး ယဲ့ယွိတန်က ကစားဖို့ ဆွဲခေါ်ခဲ့တာဖြစ်သည်။

သူမ မကစားမှာကြောက်လို့ အထူးတလည်တောင် ပြောသေးသည်။ "နင့်ရဲ့ မာကျောက်ကစားတဲ့အရည်အချင်းက မကောင်းဘူးဆိုတာ ငါသိလို့ ငါက တိတ်တိတ်လေး နင့်ကဒ်ကို ကျွေးပေးမယ်လေ။ လာ လာ တူတူကစားရအောင်"

ယဲ့ချင်းရန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူမနှင့်အတူ မာကျောက်စားပွဲတွင် ယဲ့ချန်းဖုန်းနှင့် သူမရဲ့ ဝမ်းကွဲညီမလေး လျိုဘေဘေလည်း ရှိနေသည်။

ပထမအချီ ယဲ့ချင်းရန် ကတ်ကစားခဲ့သည်။ "Self-draw"

ဒုတိယအချီ, တတိယအချီ

"Sea Depth Moon Search."

"Blooming on the bar."

"Bearded Pair."

(T/N: မာကျောက်ကစားနည်းလည်း မသိသလို ဖဲလည်းမကစားတတ်ပါဘူး။ သူငယ်ချင်းတွေက ဖဲဘယ်လိုကစားရမလဲဆိုတာ သင်ပေးပေမယ့် အခု အသက်ထိကို မကစားတတ်သေးပါဘူး UNO ပဲကစားတတ်တယ် :D)

လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ဒီကလေး ဘယ်လိုကစားနေတာလဲ။ သူ့မှာ အဆိုးဆုံးကတ်တွေရှိနေတာ အရှင်းလင်းကြီးလေ။ အရင်နှစ်တွေတုန်းကဆို သူ့ဝမ်းကွဲ ၁၃နှစ်လောက်တောင် သူ မဆော့တတ်ဘူးလေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationМесто, где живут истории. Откройте их для себя